address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, May 15, 2014

အမြန်လမ်းမကြီးပေါ်၌ မတော်တဆ ဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ မော်တော်ယာဉ်များ မတော်တဆ ဖြစ်ပွားမှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်
၂၀၁၄ခုနှစ်၊ မေလ (၁၅)ရက် ကြာသပတေးနေ့ (၁၃း၀၀)နာရီတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရ ထားပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၃၆၆မိုင်ခန့် ရှည်လျားသော ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးမှ mရန်ကုန်-နေပြည်တော်လမ်းပိုင်းစတင်ဖွင့်လှစ်ချိန် ၂၀၀၉ခုနှစ်မှ ၂၀၁၄ခုနှစ် ဧပြီလ ၂၂ရက်နေ့အထိ၅နှစ်ကျော်ကာလအတွင်း ယာဉ် မတော်တဆမှုပေါင်း၇၃၀ကျော်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ဦးနှင့် ဒဏ်ရာရရှိသူပေါင်း၁၀၀၀ကျော်ဦးအထိ ရှိကြောင်း တရားဝင်ထုတ်ပြန်ထားချက်များအရ သိရသည်။

The Voice

No comments:

Post a Comment