address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 3, 2014

မွန်လူငယ်ညီလာခံ နောက်ဆုံးနေ့



3.5.2014

လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်လာဖို့နဲ့ မူးယစ်ဆေးဝါး သုံးစွဲတာတွေကို ဟန့်တားတိုက်ဖျက်ဖို့ မွန်လူငယ် ၅ဝဝ ကျော်က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ မွန်လူငယ်ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ပြီး ဒီကနေ့ညနေမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်မှာဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ပေါ်လမ်းက သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က စတင်ကျင်းပနေတဲ့ မွန်လူငယ်ညီလာခံမှာ မွန်လူငယ်နဲ့ မွန်အမျိုးသားနိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ စာပေယဉ်ကျေးမှု၊ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

RFA

No comments:

Post a Comment