address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, May 9, 2014

စည်းကမ်းမဲ့ယာဉ် မှတ်သားဖမ်းဆီးရန် မီးပွိုင့်များတွင် သီးသန့်ယာဉ်ထိန်းများ ထားရှိမည်


ရန်ကုန်၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား မှတ်သားဖမ်းဆီး အ ရေးယူသွားရန် မီးပွိုင့်များတွင် ယာဉ် ထိန်းရဲ သီးသန့်ထားရှိသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အ
မှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုတိယ ရဲမှူးကြီးလင်းထွဋ်က ''အရင်တုန်းက ဆို မီးပွိုင့်တွေမှာ တာဝန်ထမ်းဆောင် တဲ့ တပ်ဖွဲ့ဝင်တွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပဲ လုပ်ပြီးတော့မှ စည်း ကမ်းအရပဲ ဆောင်ရွက်ခဲ့တာ ရှိပါ တယ်။ အခုတော့ မီးပွိုင့်တွေမှာ ယာဉ် စည်းကမ်း လမ်းစည်းကမ်းရှင်းတဲ့ တပ် ဖွဲ့ဝင်သာမက စည်းကမ်းချိုးဖောက် တဲ့ယာဉ်တွေကို မှတ်သားဖမ်းဆီး အ ရေးယူသွားမယ့် ယာဉ်ထိန်းသီးသန့် ကို မေ ၁ ရက်ကစပြီး ထားရှိထားပါ တယ်''ဟု ပြောသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ မီးပွိုင့်များတွင် ယာဉ်စည်းကမ်းချိုး ဖောက်မှု အဖြစ်များခြင်း၊ ယာဉ်တိုက် မှုများနှင့် စည်းကမ်းချိုးဖောက်မှုများ လျော့ကျမသွားခြင်းတို့ကြောင့် စည်း ကမ်းမဲ့ယာဉ်များကို မှတ်သားဖမ်းဆီး အရေးယူသွားရန် စီစဉ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။ယင်းက ''အထူးသဖြင့် မီးပွိုင့် တွေမှာ စည်းကမ်းချိုးဖောက်မှုက ပို ဆိုးတယ်။ မီးပွိုင့်များတွင် ယာဉ်ထိန်း ရဲများ၏ အာရုံစိုက် လမ်းရှင်းနေတာ ကို အခွင့်ကောင်းယူပြီးတော့ ယာဉ် တွေတော်တော်များများက စည်းကမ်း ချိုးဖောက်ကြပါတယ်။ ယာဉ်အမျိုး အစားပေါင်းစုံပါပဲ။ ယာဉ်ကြောပိတ် ဆို့မှုတွေ ဖြစ်ပါတယ်။ ကွေ့ကြော ပိတ်ဆို့တာတွေကြောင့် ယာဉ်ကြော တွေ ပိတ်တာတွေရှိလို့ မှတ်သားဖမ်း ဆီး အရေးယူသွားပါမယ်။ အရင်တုန်း ကလဲ ဖမ်းပါတယ်။ အခုတော့ ယာဉ် ထိန်းက လမ်းလဲရှင်း မှတ်သားရတော့ လိုအပ်ရင် ယာဉ်ထိန်းသီးသန့် ထား သွားပါမယ်''ဟု ပြောသည်။မှတ်သားဖမ်းဆီးသည့်အခါ ဖမ်း ဆီးခြင်းသိရှိရန် ကျူးလွန်သည့်ယာဉ် အား အချက်ပေးခရာမှုတ်ပြီး ဖမ်းဆီး ခြင်းပြုလုပ်မည်ဖြစ်ပြီး ဓာတ်ပုံမှတ် တမ်းတင်ခြင်းနှင့် မှတ်သားရန် ခက် ခဲပါက ခရာရှည်ဖြင့်မှုတ် အချက်ပြ ပြီး ဖမ်းဆီးသွားမည်ဟု သိရသည်။

Yangon Media Group

No comments:

Post a Comment