address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, May 14, 2014

မြောက်ကိုးရီးယားနိုင်ငံတွင် ၁၇ ကြိမ်မြောက် ပြောင်းယန်းနွေဦး နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပ



မြောက်ကိုရီးယားနိုင်ငံမှာ စီးပွားရေးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး ၁၇ ကြိမ်မြောက် ပြောင်းယန်းနွေဦး နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပနေတယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။


North Koreaအစိုးရမီဒီယာ ကေစီအန်အေက မေလ ၁၂ ရက်နေ့က ရိုက်ကူးထားတဲ့ ရုပ်သံကိုတော့ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိပါဘူး။ ဒီရုပ်သံထဲမှာတော့ ပြောင်းယန်း တော်လှန်ရေး ၃ ခု အိမ်တော်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲကို ပြည်သူတွေ တက်ရောက်နေတာ ပြသထားပါတယ်။

တိုင်ပေ၊ ပိုလန်၊ ကျူးဘား၊ ထိုင်း၊ အီတလီ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ မွန်ဂိုလီးယား၊ မလေးရှား၊ ဂျာမနီ၊ နယူးဇီလန်၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့က ထုတ်လုပ်တဲ့ ကုန်စည်တွေကို ခင်းကျင်းပြသထားတာပါ။

ကုန်စည်ပြပွဲဟာ မေလ ၁၂ ရက်နေ့မှာ စတင်ပြီး မေလ ၁၅ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ီDVB TV News

No comments:

Post a Comment