address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, May 6, 2014

ထူးအယ်လင်း နဲ့ လက်ထပ် ဖို့ အချိန် က စကား ပြောပါ လိမ့်မယ် ဆိုတဲ့ Caroline


အနုပညာ လောက တွင် သရုပ်ဆောင် ၊ ဂီတ ၊ မော်ဒယ် အလုပ် သုံးခု ကို မျှတ စွာ လုပ်ဆောင် နေ တဲ့ Caroline ရဲ့ အချစ်ရေး ကို ပရိသတ် က စိတ်ဝင်စား လျှက် ရှိပါ တယ် ။


htlCaroline ကို ဆက်သွယ် ပြီး သူမ ရဲ့ ရှေ့ဆက် လျှောက်လှမ်း မယ့် အနုပညာ၊ သူမ ရဲ့အချစ်ရေး တို့ကို မဇ္ဈိမ က ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။

မေး ။ ။ ညီမလေး ရဲ့နာမည်လေး ပြောပြ ပေးပါ။ အဲဒီ နာမည် က နာမည် အရင်း ပဲလား။

ဖြေ ။ နာမည် အရင်းပါ ။ Caroline လို့ ခေါ်ပါ တယ် ။ ကယား လူမျိုး ပါ ။

မေး ။ ။ အနုပညာ လောက ထဲကို ဘယ် အချိန် က စရောက် ခဲ့တာလဲ။

ဖြေ ။ ၂ဝဝ၉ ခုနှစ် က ကိုဌေးမင်းထွန်း စီစဉ်တဲ့ Miss Christmas ပြိုင်ပွဲမှာ သူငယ်ချင်း တွေ နဲ့ အတူ ဝင်ပြိုင် ရင်း ရောက်လာ တာပါ ။ အဲဒီ ပွဲမှာ အဆင့် ၁ ကနေ ၅ အတွင်း ဝင်ခဲ့ ပါတယ်။

မေး ။ ။ Miss ပြိုင်ပွဲ က ဘယ် နှစ်ပွဲ လောက် ဝင်ပြိုင် ဖူးလဲ ။ ဘာ ဆုတွေ ရော ရဖူးလဲ။


ဖြေ ။ ဆု တွေ ရခဲ့ တာ က ၂ဝ၁၃ ခုနှစ်မှာ Miss Thingyan ၊ ၂ဝ၁၂ ခုနှစ် မှာ အိန္ဒိယ က ရေသန့် အတွက် Miss ဆု ပေးတာ အဲဒါလည်း ရခဲ့တယ် ။ ၂ဝ၁၃ ခုနှစ်မှာ မီကိုဆူမို အလှကုန် အတွက် Miss ဆု ၊ ၂ဝ၁၃ မှာ Miss Sexy ပထမဆု တွေ ရခဲ့တယ်။

မေး ။ ။ သရုပ်ဆောင် အလုပ် ကို လုပ် ခဲ့သေးလား ။

ဖြေ ။ သရုပ်ဆောင် ကတော့ ၂ဝ၁၂ ခုနှစ် တုန်းက Studio 35 က ရိုက်တဲ့ ဇာတ်ကား ၄ ကား မှာ ပါဝင် သရုပ်ဆောင် ထားတယ် ။ အဲဒီ ကားတွေ က ခုချိန်ထိ တော့ မထွက် သေးဘူး။

မေး ။ ။ ဂီတ နဲ့ ပတ်သက်ပြီး အခွေ ထွက်ဖို့ စီစဉ် နေတယ် ဆို ။

ဖြေ ။ တစ်ကိုယ်တော် တေးစီးရီး စီစဉ် နေတယ် ။ သီချင်း ခေါင်းစဉ် တော့ မရွေး ရသေး ဘူး။ သီချင်း ၁၂ ပုဒ် ပါမယ်။ တေးရေး တွေ က ဖိုးတု ၊ ရယ်ဂျီ ၊ သောမတ်စ် ၊ L စိုး တို့ ရယ် ပြီးတော့ ကိုယ်တိုင် ရေးထား တာ ၂ ပုဒ် ပါတယ် ။ ကော်ပီ မဆို ချင်လို့ ကိုယ်ပိုင် သံစဉ် တွေ ချည်းပဲ ဆို ထားတယ်။ သီချင်း အမျိုးအစား က တော့ ရသ စုံ ပါ တယ်။

မေး ။ ။ လတ်တလော ညီမရဲ့ အချစ်ရေးနဲ့ ပတ်သက် တဲ့ ကောလဟာလနဲ့ ပတ်သက်ပြီး ပြောပါ ဦး။

ဖြေ ။ ထွေထွေ ထူးထူးတော့ ပြောစရာ မရှိပါဘူး။

မေး ။ ။ ညီမ ခံယူ ထားတဲ့ အချစ် ဆိုတာက ။

ဖြေ ။ အချစ် ဆိုတာ တန်ခိုး အရမ်း ကြီးတယ်။

မေး ။ ။ ခု လက်သင့် ခံထား တဲ့ အချစ် ကို မှန်တယ် လို့ထင်လား၊ မှားတယ် လို့ ထင်လား။

ဖြေ ။ ကိုယ့်ကိုယ်ကိုယ် တော့ အမှန် ကို လျှောက်လှမ်း နေတယ်လို့ ထင်ပါတယ်။

မေး ။ ။ ကိုထူးအယ်လင်းနဲ့ ဘယ်တော့ လောက် လက်ထပ် ဖို့ ရည်ရွယ် ထားလဲ။

ဖြေ ။ အဲဒါ က အချိန် က စကားပြော ပါ လိမ့်မယ်။

No comments:

Post a Comment