address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, May 11, 2014

KNU မှ ကရင်ပြည်နယ်တွင်း အိမ်ခြေ ၈၀၀ နီးပါးအား ဆိုလာမီး တပ်ဆင်ပေးမည်

11.5.2014

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ကရင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၈၀၀နီးပါးကို ဆိုလာမီး တပ်ဆင်ပေးသွားမည်ဟု တပ်မဟာ (၇) စီးပွားရေး
တာဝန်ခံ စောမိုးစက်က ပြောသည်။

အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထားသည့်ငွေကို အသုံးပြုကာ တစ်အိမ်လျှင် ၂ သိန်းနှုန်းဖြင့် သိန်း ၁၅၆၀ကို အသုံးပြုသွားမည်ဖြစ်ပြီး မေလအကုန်တွင် အပြီးသတ်
တပ်ဆင်ပေးသွားမည်ဖြစ်သည်။

“တန်ဖိုးနည်းအိမ်ယာ လုပ်ထားပြီး မီးမရသေးတဲ့အတွက် ကျွန်တော်တို့ကဦးစီးပြီး တပ်ဆင်ပေးတာဖြစ်ပါတယ်။ တပ်ဆင်ပေးမှာကတော့ တစ်အိမ်ချင်းစနစ်ဖြစ်ပါတယ်။
ကရင်အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ဝေးပါတယ်။ ဒါကြောင့် တအိမ်ချင်းစနစ်နဲ့ ဆင်ပါမယ်။” ဟုပြောသည်။


ကရင်ပြည်နယ် လှိုင်းဘွဲ့၊ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီမြို့နယ်များတွင် ဆိုလာမီးတပ်ဆင်ပေးသွားမည်ဖြစ်သည်။

KNU နှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့များ အပစ်အခတ်ရပ်ဆဲပြီးနောက်တွင် ရပ်တည်နိုင်ရန် တရားဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားသည်ဟု အစိုးရကလည်းပြောကြားထားဖူးသည်။

Mizzima

No comments:

Post a Comment