address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, May 12, 2014

*ကရင်အမျိုးသား အစည်းအရုံး (KNU)ဗဟိုဌာနချုပ်သတင်းထုတ်ပြန်ချက်*


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဒုဥက္ကဌပဒို နော်စီဖိုးရာစိန် ဦးဆောင်ပြီး ပဒိုစောသမိန်ထွန်း၊ ပဒိုစောလစ်စတန်၊ ပဒိုစောလှ ထွန်း နှင့် ပဒိုစောမြမောင် စသည့် ခေါင်းဆောင်ငါးဦးပါကိုယ်စားလှယ်အဖွဲ့ သည်။ ဧရာဝတီနှင့်ရန်ကုန်တိုင်း ဒေသကြီးရှိ လူထုနှင့်တွေ့  ဆုံသည်။

“ဤခရီးစဉ်သည် လက်ရှိအစိုးရနှင့် တွေ့ ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ်များအား ရှင်းလင်းရန်နှင့် ပြည်သူလူထု၏ သဘော ဆန္ဒများ သိရှိရယူရန်ဖြစ်သည်။

အဆိုပါ လူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများအတွင်း စစ်ရေးပဋိပက္ခဖြစ်ရာနယ်မြေ များတွင် စည်းစနစ်မဲ့စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများ၊ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်နေသည့် ဖြစ်ရပ်များနှင့် ပတ်သက်သည့် ပြည်သူ များ၏ စိုးရိမ်မှုများ တင်ပြခဲ့ကြသည်ကို ကြားသိခဲ့ရသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေလင့်ကစား ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်ကို ထောက်ရှု၍ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၏ စစ်မှန် ဖြောင့်စင်းမှုအပေါ် ကရင်ပြည်သူအများက မေးခွန်းထုတ် ခဲ့ကြသည်။

ရန်ုကုန်မြို့ တွင် ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အထင်ကရ နိုင်ငံရေးပါတီခေါင်းဆောင်များ ဖြစ်သည့် ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဥက္ကဌဦးခွန်ထွန်းဦးနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိအပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆဲကိစ္စများနှင့်ပတ်သက်ပြီးအသိပေးခြင်း၊ အပြန်အလှန်နားလည်မှု ပိုမိုတည် ဆောက်ရေးတို့ ကို ဆွေးနွေးခဲ့ကြသည့်အပြင်၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများဆိုင်ရာ သဘောထား များကို ပွင့်လင်းစွာဆွေးနွေးဖလှယ်ခဲ့ကြသည်။

ထို့ အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဒုဥက္ကဌဖြစ်သည့် ၀န်ကြီးဦးအောင်မင်းနှင့်လည်း မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် တွေ့ ဆုံခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ ပြည်သူလူထုများနှင့် လည်း တွေ့ ဆုံသွားမည်ဖြစ်သည်။

BY - ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး
ဗဟိုဌာနချုပ်

ဆက်သွယ်ရန်- နော်ထူးဖော - (ပြောရေးဆိုခွင့်ရှိသူ)

No comments:

Post a Comment