address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 21, 2013

မလေးရှားရောက် တရားမဝင် နိုင်ငံခြား အလုပ်သမားများ အထောက်အထား ရရှိရန် အလုပ်ရှင် လုပ်ပေးရမည်

21.10.2013

တရားမဝင် မြန်မာလုပ်သား တစ်သိန်းကျော်ရှိသည့် မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား လုပ်သားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရန် အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ယနေ့ (အောက်တိုဘာလ ၂၁) တွင် စတင် လုပ်ဆောင်ပေးမည် ဖြစ်ပြီး အလုပ်ရှင်က လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသည်။

တရားမဝင် နိုင်ငံခြား လုပ်သားများအတွက် အထူးစီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည့် 6P စနစ်အရ အထောက်အထားများ လုပ်ပေးရာတွင် အလုပ်ရှင် ကိုယ်တိုင်သာ လုပ်ဆောင်ပေးရမည် ဖြစ်ပြီး ပွဲစားသို့မဟုတ် တတိယ အုပ်စုများဖြင့် လုပ်ဆောင်ခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းဌာနတွင် ဖော်ပြသည်။

ယင်းအစီအစဉ်အရ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းကာလမှာ သုံးလ ကြာမြင့်မည် ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို မလေးရှားနိုင်ငံ Putrajaya ရှိ ပြည်ထဲရေး ဝန်ကြီးဌာနရုံးရှိ One Stop Center တွင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း The Star သတင်းဌာန တွင် ဖော်ပြသည်။

6P (တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်) စနစ်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၀ နေ့အထိ ပြုလုပ်ပေးခဲ့သည်။

6P စနစ်များတွင် ပွဲစားများ ဝင်ရောက် လုပ်ဆောင်မှုကြောင့် ငွေကြေး ပိုမိုပေးရကာ အထောက်အထားများ မရှိဘဲ လိမ်လည်မှု မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာ လုပ်သားများကို သံရုံးတွင် One Stop Center ဖွင့်ကာ အထောက်အထား ထုတ်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းမှု မပြီးစီးသေးသော်လည်း နှစ်လအတွင်း စတင်လုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လုပ်သားများ အများဆုံးဖြစ်ပြီး မြန်မာသည် တရားမဝင် လုပ်သား တတိယအများဆုံး ဖြစ်ကြောင်း၊ မြန်မာလုပ်သား ၂၅၇၀၀၀ ရှိသည့်အနက် ၁၁၃၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှားအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment