address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 2, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်သူလူထု၏ အသံကို လျစ်လျူရှု၍ ဆောင်ရွက်ရန် လုံးဝ မဖြစ်နိုင်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2.10.2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်သူလူထု၏ သဘောဆန္ဒကို လျစ်လျူရှု ၍ လုံးဝ မဖြစ်နိုင်ကြောင်း အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁ ရက်က နေပြည်တော် လွှတ်တော်တွင်း၌ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုကို ရှင်းလင်းပြောဆိုကာ သဘောထား ရယူသွားမည်ဖြစ်ပြီး လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကာ ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည်ြ ဖစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းပြည်သူလူထု၏ သဘောထား ဆန္ဒများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအပေါ် သြဇာသက်ရောက်မှု ရှိသင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် စလယ်ဆုံး ပြင်ဆင်ရမည်ဟု သတ်မှတ်ခဲ့ပြီးမည်သည့်အရာများကိုဦးစားပေး  ပြင် ဆင်ရမည်ဆိုသည်ကို လက်တွေ့ကျကျ စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင်လည်း ဒီမိုကရေ စီ နည်းကျကျ ဆောင်ရွက်သွားရန်တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူလူထုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နားလည်မှု အားနည်းသည်မှာ မှန်ကန်သော်လည်း နိုင်ငံရေးအသိနှင့် ပတ် သက်၍ ပြည်သူလူထုအား အထင်မသေးရန်လည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် အကောင်းဆုံးကို မျှော်လင့်ထားသကဲ့သို့ အဆိုးဆုံးကိုလည်း ပြင်ထားရမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာသိမ်းမှုများ ဖြစ်ပွားသကဲ့သို့  ပြန်လည် ဖြစ်ပွားနိုင်မည်လား ဟူသော မေး ခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

သို့ရာတွင် အဆိုးဆုံး ဖြစ်မသွားရန်အတွက် စဉ်းစား ဆောင်ရွက်ရမည်ဟုလည်း ဆက်လက်ပြောကြားသည်။

''ဦးတည်ချက်က ဘာလဲ။ နောက်ဆုံး ဘာလိုချင်တာလဲ။ ဒါကို စဉ်းစားရမယ်။ ကိုယ်လိုချင်တဲ့ဟာကို ဖြစ်အောင်လုပ်ဖို့ ဘယ်လို အကောင်းဆုံးနည်းလမ်းတွေ သုံးမလဲ။ ဒီမိုကရေစီဆိုတာ အကောင်းဆုံးလမ်းကို ရွေးတဲ့အခါမှာ အပေးအယူ လုပ်ရတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၏ သဘောထားများကို ဒီဇင်ဘာ ၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ တင်ပြ သွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းပေးထားပြီး အဆို ပါ ကော်မတီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်သည်။

Eleven Media Group

No comments:

Post a Comment