ဒီလို ၁၄ ရက် ပြည်ဝင်ခွင့် ဗီဇာမလိုပဲ သွားလာခွင့်ဟာ လေယာဉ်နဲ့
သွားလာသူတွေကိုပဲ ခွင့်ပြုတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ
အားကစားပွဲကို ထိုင်းနိုင်ငံသားတွေ အလွယ်တကူ သွားနိုင်ဖို့နဲ့ ခရီးသွား
လုပ်ငန်းမှာ ပိုအဆင်ပြေ လွယ်ကူလာအောင် ရည်ရွယ်တာ ဖြစ်တယ်လို့ ထိုင်းအစိုးရ
ပြောခွင့်ရသူက ပြောပါတယ်။
ဒီလို ၁၄ ရက် ဗီဇာ မလိုပဲ သွားလာနိုင်ရေး အတွက် လာမယ့် လကုန်ပိုင်းမှာ ထိုင်းနဲ့ မြန်မာ စာချုပ် လက်မှတ် ရေးထိုးရအုံးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် နယ်စပ်ကနေ ဖြတ်သန်းသွားလာခွင့်ကတော့ ဗီဇာ ယူရဦးမယ်လို့ ထိုင်း အစိုးရ ပြောခွင့်ရ သူက ပြောပါတယ်။
BBC
No comments:
Post a Comment