22.10.2013
ကရင်စစ်တပ်က ရန်ကုန်ကိုသိမ်းတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးအားမေးမြန်းရာတွင် ““ရန်ကုန်ကို ကရင်စစ်တပ်တွေ လာတာဟာဗမာလူမျိုးတွေအတွက်အကာအကွယ်ပေးရတာဗျ။ အဲဒီအချိန်ကဗိုလ်ချုပ်အောင် ဆန်းက ဂျပန်တွေခေါ်လာပြီး ဘာလုပ် လို့ လုပ်ရမှန်းမသိတဲ့အချိန်။ ဒီကြားထဲကွန်မြူနစ်ရန်ကလည်း ကာကွယ်ရသေးတယ်။ ဒါကိုတောင် ကရင်ကရန်ကုန်ကို သိမ်း တယ်ဆိုတဲ့ သမိုင်းဆိုးဖြစ်ခဲ့ရသေးတယ်” ”ဟုဆိုသည်။မြန်မာပြည်သမိုင်းမှာ
ကရင်တွေက မြန်မာပြည်ကို တက်သိမ်းတယ်။ ကရင် တွေက သူပုန်တွေ၊ အရမ်းဆိုးတယ်၊
ရိုင်း တယ်လို့သာ သမိုင်းမှာ ဆိုးဆိုးရွားရွား ဖုံးဖိထားကြတာ။ တကယ်တော့
အဲဒီ ခေတ် အဲဒီကာလက မြန်မာပြည်မှာက တစ်ဖက်က အင်္ဂလိပ်ဝင်လိုက် ဂျပန်ဝင်
လိုက်နဲ့၊ နောက်တစ်ဖက်က အင်အား အရမ်းကိုကြီးမားနေတဲ့ ကွန်မြူနစ်၊ ကွန်
မြူနစ်ဆိုတာက ၀ါဒီသမားတွေ နိုင်ငံရေး အတွေးအခေါ်တွေနဲ့လာပြီးဖုံးအုပ်လိုက် တော့ မြန်မာပြည်ကွန်မြူနစ်သာကြီး ထွား
လာတယ်။ ကရင်အမျိုးသားရေးက ပျောက်သွားတယ်။ ဒီလို တကယ့်အဖြစ် မှန်
သမိုင်းအမှန်ကို ဘယ်သူကမှ မပြော ခဲ့ကြဘူး။ ဒီအကြောင်းကိုပြောပြချင် တယ်။
အဖိုးတို့ဘယ်မှာခြေကုတ်ယူရသ လဲ
ဆိုရင် တောင်ငူအနီးတ၀ိုက်မှာ။ ကွန်မြူ နစ်ဝါဒီတွေက
အားလုံးမှာရှိနေ၊၀င်နေကြ တဲ့ကာလ။ သူတို့က ရက်စက်တတ်တာ ကို ပြည်သူတွေက
ကြောက်ကြတယ်။ တချို့ပြည်သူတွေက အဖိုးတို့ကို အားကိုး ကြတယ်။
အဖိုးတို့ဘက်ကလည်း လက် နက်အင်အား၊ လူအင်အားနဲ့တင်မကဘူး။ အရေးကြီးရင်
ဒီနယ်မှာ ကာကွယ်နိုင် အောင်လို့ အဖိုးတို့က ကျေးရွာတချို့ကို တောင်
လက်နက်တွေ ထုတ်ပေးထားရ တယ်။ ဘယ်လောက်အထိ ကွန်မြူနစ် တွေကို
ကြောက်ကြသလဲတော့မသိ။ မိသားစုဝင် ကွန်မြူနစ် ရှိနေကြတာ တောင်
ကြောက်ကြသေးတယ်။ အဖိုးတို့ ကရင်တပ်မတော်တည်ထောင်ထားတာက
အင်္ဂလိပ်ခေတ်လက်ထက်ကတည်းက။ အဲဒီတုန်းက ကရင်ရိုင်ဖယ်ရယ်၊ ကချင် ရိုင်ဖယ်ရယ်
ဒီနှစ်ခုပဲရှိတယ်။ အဲဒီတုန်း က ဗမာ့တပ်မတော်ဆိုတာ မရှိသေးဘူး။
ဗိုလ်ချုပ်အောင်ဆန်းဂျပန်ကိုခေါ်လာတဲ့ အခါမှာ ပြန်တော်လှန်ပေးတာက တိုင်း ရင်းသားတပ်တွေပဲ။ဗိုလ်ချုပ် အောင်ဆန်း
ဂျပန်ကိုခေါ်လာပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ ကရင်က အင်္ဂလိပ်နဲ့အိန်္ဒိယ
တပ်တွေကို တိုက်ခိုက်နေတာ။ အဖိုးတို့ အိန်္ဒိယအထိရောက်တယ်။ တစ်ဖက်က လည်း
ကွန်မြူနစ်ဆိုတာရှိသေးတယ်။ အဲဒါနဲ့ ဗိုလ်ချုပ်အောင်ဆန်းကခေါ်လို့  အဖိုးတို့တပ်တွေပြန်လှည့်ခဲ့ ရတယ်။ ဂျပန် ၀င်လာတော့လည်း ပြည်သူတွေကဂျပန် ကိုကြောက်ရပြန်ရော။ ဂျပန်လက်ထဲ ရောက်ပြန်တော့လည်း ဂျပန်လက်ထဲက နေပြန်ကယ်ခဲ့ရပြန်တယ်။
အဖိုးတို့ရဲ့တပ်က တိုက်ပွဲပေါင်း (၅၀၀) ကျော်တိုက်ခဲ့တယ်။ အဖိုးထင်ရ တာက
တရုတ်ကစပြီး ကွန်မြူနစ်စနစ် မြန်မာပြည်မှာ ကြီးစိုးလာတယ်။ ကွန်မြူ နစ်တွေ
အားသန်တာက ပါတီရယ်၊နိုင်ငံ ရေးရယ်ပဲ။ သူတို့က စစ်ရေးမှာမရဘူး။ အမျိုးသားရေး
သူတို့မှာမရှိဘူး။ ပါတီ အလုပ်လုပ်တယ်။ နိုင်ငံရေးတွေလုပ် မယ်။ အဲဒီတော့
နိုင်ငံရေးတွေနဲ့ အုပ် ထားတယ်။ ကရင်လူမျိုးတွေအပေါ်မှာ
ဝါဒဖြန့်တာတွေလုပ်ထားတယ်။ ပဲခူးရိုးမ ကလာတဲ့ ကွန်မြူနစ်တွေဟာ ကွန်မြူနစ်
ခေါင်းဆောင်တက်ဖြစ်တော့ ဘယ်လိုဖြစ် သွားသလဲဆိုရင် နိုင်ငံရေးနည်းအရဖြေ
ရှင်းရမယ့်ပုံစံက ကျဉ်းမြောင်းသွားရော။ အဲဒီကစပြီး ကရင်တွေ ရဲ့လုပ်ဆောင်
ချက်၊ကရင်သမိုင်းဆိုတာကို ဖျောက်ပစ် ကြ တော့တယ်။
အမျိုးသားရေးဆိုတာ ကျယ်ပြန့် တယ်။ နိုင်ငံရေးမဟုတ်ဘူး။ ကွန်မြူနစ်
ဖလိုးတွေ နိုင်ငံရေးနည်းအရ နိုင်ငံရေး စကားတွေနဲ့ အဆင်မပြေတော့ အဖိုး
တို့ရဲ့ ကရင်တွေဘက်ကို သမိုင်းဆိုးတွေ နဲ့ လုပ်လိုက်ကြတယ်။ ဖုံးအုပ်ထားကြ
တယ်။ သူတို့ပြောပြောနေတဲ့ နိုင်ငံရေး နည်းအရ ဖြေရှင်းရမယ်ဆိုလည်း အဲဒီ
တုန်းက ကရင်မှာပါတီရှိခဲ့ဖူးတယ်။အိ န်္ဒိယ ကွန်ကရက်ပါတီထက်တောင်စောတယ် ။ အဲဒီတုန်းက ကရင်အမျိုးသားနိုင်ငံရေး တိုက်ခဲ့တဲ့တိုက်ပွဲတွေရဲ့ရ ည်ရွယ်ချက်က အမျိုးသားရေးပဲ။ နိုင်ငံရေးမဟုတ်ဘူး။KNU စရပ်တည်တာ ကရင်အမျိုးသား နိုင်ငံရေးတစ်ခုတည်းမဟုတ်ဘူး။
ကရင်တွေကရန်ကုန်တက်သိမ်းတာ မဟုတ်ဘူး။ ရန်ကုန်ကလူထုက လာ ကယ်ပါဦး၊ ကွန်မြူနစ်တွေကပြည်သူတွေ ကို နှိပ်စက်နေတယ်ဆိုလို့အမျိုး သားရေး အရ ကွန်မြူနစ်ရန်ကဗမာပြည်သူတွေ ကို
အကာအကွယ်ပေးခဲ့ရသေးတယ်။ ရန်ကုန် ရောက်ဖို့ (၇)မိုင်ပဲလိုတော့တယ်။ နောက်
တော့ ကရင်တွေ ရန်ကုန်မှာ မနေနိုင်လို့ ပြန်ကြတာ။ တကယ်သိမ်းရင် အဲဒီ ကတည်းက
သိမ်းပြီးပြီပေါ့။ မြန်မာပြည် မှာ ကွန်မြူနစ်ကြီးစိုးလို့ လူထုက အကူ
အညီတောင်းလို့အမျိုးသားရေးအ ရ
ဝင်ပြီး ကူညီတာ။ ကိုယ့်တိုင်းရင်းသားတွေကို ဘယ်သူ အနိုင်ကျင့်လဲ
ရှမ်းကိုလား။ ကချင်တွေလား။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ့်အမျိုးသားတွေတခြားနို င်ငံသားတွေ
က အနိုင်ကျင့်ရင်ပဲဖြစ်ဖြစ်၊ တခြားဘယ် သူကပဲဖြစ်ဖြစ် အနိုင်ကျင့်ခဲ့ရင်
ကရင် တွေကငြိမ်ခံမှာ မဟုတ်ဘူး။အမျိုးသား အကျိုး စီးပွားမပျက်စီးအောင်
ကာကွယ် စောင့်ရှောက်တယ်။
ဗမာ့တပ်မတော်မရှိခင်ကတည်းက အဖိုးတို့ရဲ့
တပ်ဟာ အမျိုးသားတွေ အပေါ် စောင့်ရှောက်ခဲ့တယ်။ အဖိုးတို့ လိုချင်တဲ့
အမျိုးသားရေးဟာ အဲဒါတွေ ပဲ။ အခုတော့ မြန်မာပြည်ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေက နိုင်ငံရေးအရ ဘာ အတွေးတွေ၊ ဘယ်လိုသီအိုရီတွေ ထည့်
ဆွေးနွေးကြလည်း မသိဘူး။ နားကို မလည်တော့ဘူး။ ဒီဘက်ခေတ် ဦးခင် ညွန့်လက်ထက်က
ဖဒိုမန်းရှာက ကရင် တပ်နဲ့လုံးဝ ပြောခွင့်မရှိ သူပဲပြောမယ်။ သူပဲအစိုးရနဲ့
ညှိနှိုင်းခဲ့တာတွေ လုပ်ခဲ့ တယ်။ သူသွားပြောတာက (၁) အကျဉ်း သားတွေအကုန်
လွှတ်ပေးရေး၊ (၂) ဒီမိုက ရေစီအရေးဆိုပြီး လျောက်လုပ်ပြီး ဒီမိုက
ရေစီနိုင်ငံရေး စကားတွေကိုပြော ပြီး တိုင်ပင်နေတယ်။ နိုင်ငံရေးနည်းနဲ့
အဖြေရှာမယ်ဘာညာပေါ့။ နိုင်ငံရေး နည်းနဲ့ဖြေရှင်းပေါ့။ ဒီလိုနဲ့
သွားလိုက်ပြန် လိုက်လုပ်ရော။ လူထုက စစ်ပွဲကိုလည်း ရင်ဆိုင်နေရ တစ်နေ့စာ
တစ်နေ့ ထမင်း စားဖို့မနည်းကြိုးစားနေရ တဲ့အချိန်။ ဦးခင်ညွန့်နဲ့ အကျဉ်းသား
အရေး၊ ဒီမိုကရေစီနိုင်ငံရေးတွေတို င်ပင်
ပြောဆို နေတော့ ဦးခင်ညွန့်က ““နင်လာတာ နင်တို့ ကရင်အကြောင်းပြောလေ။
နင်ပြောနေတဲ့ စကားထဲမှာ ကရင်အမျိုး သားအကြောင်း တစ်လုံးမှမပါဘူး”” ပြော
ခဲ့ရတယ်။ ဗိုလ်မြက စစ်တပ်နဲ့ ဖြေရှင်းဖို့ ပဲပြောတယ်။ နိုင်ငံရေးအရ
နိုင်ငံရေး စကားတွေ ပြောနေတာက အစိုးရနဲ့ ကရင်အကြား လိုရာမရောက်ခဲ့ဘူး။
နိုင်ငံ ရေးသမားတွေရဲ့ လက်ချာနဲ့ အချိန်တွေ ကုန်နဲ့
ငြိမ်းချမ်းရေးယူမှဖြစ်မယ် ဒါမှ အမျိုးသားရေးဆိုတဲ့ကိစ္စအတွက် ကရင် ပြည်သူတွေစစ်ဘေးက သက်သာမှာ။ပြည်တွင်းမှာလည်းK NU့
နဲ့ဆက်သွယ် လို့ ဟိုလူ့ကိုဖမ်း၊ ဒီလူ့ကိုဖမ်းနဲ့ ကရင်ဆို သူပုန်ပဲသူတို့က
သတ်မှတ် ၀ါဒဖြန့်တော့ လူထုနဲ့ နိုင်ငံရေးသမားတွေကပါ ကရင် ဆို
သူပုန်ပဲဖြစ်ကုန်ရော။
တည့်တည့်ပြောရရင် ကျွန်တော် တို့ အစီအစဉ်က
ဒီလိုမဟုတ်ဘူး။ ၁၉၈၈ ခုနှစ်တုန်းက တောထဲကို ခံယူချက်နဲ့ ထွက်လာတဲ့
ကျောင်းသားတွေနဲ့ လက် တွဲပြီး မြန်မာပြည်ကို မကောင်းဆိုးဝါး တွေလက်ထဲက
ကယ်ဖို့ အပြတ်နှိမ်နင်းဖို့ အစီအစဉ်။ ဒီကြားထဲ မီဒီယာကနေ ဖဒို
မန်းရှာကိုသတ်တယ် ဘာညာဆိုပြီး ပြော လိုက်တော့ အဲဒါနဲ့ ဗိုလ်မြက ဒီလောက်
တောင်ဖြစ်လှတာ ဒီကောင့်ကို ရှင်းပစ် လိုက်ကွာဆိုလို့ အဖိုးပဲထိန်းခဲ့ရတာ။
ဒါကြောင့် ငြိမ်းချမ်းရေးယူမှ ဖြစ်မယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာ။ ဒါကိုတောင်
ကျောင်းသားတွေက ငိုယိုပြီး သေနတ် အပ်ပြီးသွားကြပြီ နိုင်ငံခြားကို ထွက်ကုန်
တယ်။ သူတို့က စစ်တပ်ကို ဘယ် လောက် နာကြည်းသလဲဆိုရင် မြန်မာ ပြည်ကို
မကောင်းဆိုးဝါး လက်ထဲက ကယ်ဖို့အစီအစဉ်ကို ပဲသဘောကျတယ်။ နောက်ဆုံးစစ်တပ်ကို
မတိုက်ရတော့ ၀မ်းနည်းပြီး ပြည်ပထွက်ကုန်ရော။ အဲဒါ ပဲ မြန်မာပြည်
လွတ်လပ်ရေးမရခင်က တည်းက ပေါ်လာတဲ့ ကရင့်စစ်တပ်က ရန်ကုန်တက်သိမ်းတဲ့
သူပုန်တွေပဲလို့ ၀ါဒဖြန့်ခဲ့တာ အခုထက်ထိပဲ။ ဗမာ စစ်တပ်မရှိသေးတဲ့ကာလမှာ
ဗမာပြည်သူ တွေက ဒုက်္ခအမျိုးမျိုးကြားထဲက သူတို့ အားကိုးမျှော်လင့်တာ
ကရင့်စစ်တပ်၊ ကရင်စစ်တပ်ကပဲ ကာကွယ်ပေးခဲ့ရတယ် ဗျ။ ဒီဘက်ခေတ်ကျတော့လည်း ၁၉၈၈
ခုနှစ်က ကျောင်းသားတွေက မြန်မာ့ စစ်တပ်အပေါ် နာကြည်းနေလို့ သွေး
မထွက်အောင် ငြိမ်းချမ်းရေးနဲ့ အမုန်းခံ အဖိုးပဲ ရှင်းခဲ့ရတယ်။ လွတ်လပ်ရေးမရ
ခင်ကတည်းက ကရင်စစ်တပ်ကယနေ့ အချိန်ထိ အမျိုးသားရေးစိတ်ရှိနဲ့ လုပ် ခဲ့တယ်။
ကောင်းကြောင်းတွေနဲ့ ၀ါဒ မဖြန့်ခဲ့ဘူး။ မြန်မာပြည်ထဲမှာတော့ “အို” ကရင်ဆို
သူပုန်ဟိုအရင်ကရန်ကုန် တောင်တက်သိမ်းတယ်ဆိုပြီး ၀ါဒတွေ ဖြန့်ခဲ့တာ
ဘယ်သူမှလည်း မဖြေရှင်းခဲ့ ဘူး။ အဓိကကတော့ အဲဒီလိုပြော တာဟာ
ကွန်မြူနစ်ဝါဒီသမားတွေရဲ့ လက်ချက်ပဲ။ သူတို့ကိုမောင်းထုတ်လို့ ၀ါဒ
ဖြန့်တာပဲလို့ထင်တယ်။ ဒါကရင့်သမိုင်း ကရင်တို့ထားခဲ့တဲ့ အမျိုးသားရေးပဲ။
Hot News
No comments:
Post a Comment