address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 8, 2013

ဒေါ်လာ သန်း၂၀ ကျော် ကုန်ကျမည့် ဇွဲကပင်တောင်ရှိ ပထမဆုံး Cable Car တည်ဆောက်မှု စီမံကိန်း စတင်လုပ်ဆောင်

                         (Cable Car စီမံကိန်း ဖြစ်မြောက်ရေးအတွက် ဦးဆောင်ဆရာတော်များ ဆွေးနွေးနေသည်ကို တွေ့ရစဉ်)

8.10.2013

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် Cable Car စီမံကိန်းကို ဇွဲကပင်တောင် ဆံတော်ရှင်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံ၍ တည်ဆောက်မှုများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အဆိုပါ စီမံကိန်း ဖြစ်မြောက်ရေးကော်မတီ အထွေထွေ အတွင်းရေးမှူးဦး အောင်မောင်းက ပြောကြားခဲ့သည်။


အဆိုပါ စီမံကိန်းကို ကမ္ဘာ့သာသနာပြု မပာာသန္တိသုခ ကျောင်းတိုက်ကြီးမှ မူလပဓာန နာယက ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်၊ သုံးထပ်ကျောင်း ဆရာတော်စသည့် ဆရာတော်ကြီးသုံးပါး ဦးဆောင်ကြီးမှူး၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ ဇွဲကပင်တောင် Cable Car ဆံတော်ရှင် တည်ဆောက်မှုကို မလေးရှားနိုင်ငံမှ Cable Car တည်ဆောက်သည့် SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း သိရသည်။

''တောင်ပေါ်တောင်အောက် မြေပြင်တိုင်းတာမှု တွေကတော့ လုပ်ပြီးပြီး၊ GSP ဂြိုဟ်တု အကူအညီနဲ့ တော်တော် ခက်ခက်ခဲခဲ တိုင်းခဲ့ရပါတယ်။ လောလောဆယ် လုပ်ငန်းက ၁၀ ရာခိုင်နှုန်းတော့ ပြီးစီးနေပြီ၊ တည်ဆောက်မှုမှာသုံးတဲ့ ပစ္စည်းက မလေးရှား ဆိုပေမယ့် အရည်အသွေးက ကောင်းပါတယ်၊ ဆွစ်ဇာလန်နဲ့ သြစတြေးလျက ပစ္စည်းတွေလည်း မှာထားပါတယ်။ ဘုရားဖူးတွေရဲ့ လုံခြုံရေးနဲ့ သဘာဝဘေးဒဏ် ခံနိုင်အောင် အဓိကထား လုပ်ဆောင်နေပါတယ်'' ပာု Cable Car စီမံကိန်း တည်ဆောက်ရေး အင်ဂျင်နီယာ ဦးသောင်းညွန့်က ပြောကြားသည်။

Cable Car စီမံကိန်း လုပ်ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ်မြတ်တစ်ဆူ ဌာပနာထားရာ ဇွဲကပင် ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူများ အဆင်ပြေစွာ တက်ရောက်၍ ဖူးမြော်နိုင်ရန် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသရှုခင်း များကိုလည်း အပေါ်စီးမှ ကြည့်ရှုနိုင်သဖြင့် ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းလည်း တိုးတက်လာနိုင်ကြောင်း သိရသည်။

Cable Car တည်ဆောက် ပြီးစီးပါက တစ်ခေါက်လျှင် လူဦးရေ ၄၀ ထိ စီးနင်းနိုင်မည်ဖြစ်ပြီး ဆွဲတင်ပို့ရာ၌ Cable ကြိုးကို လျှပ်စစ်မော်တာဖြင့် ဆွဲတင်ပို့မည် ဖြစ်ကြောင်း သိရသည်။ Cable ကြိုးသည် အချင်း ၃၈ မီလီမီတာရှိပြီး သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်အထိ ခံနိုင်အား ရှိမည်ဖြစ်ကြောင်း သိရသည်။

ဇွဲကပင်ဆံတော်ရှင် Cable Car စီမံကိန်းကို အလှူငွေပေါ် မူတည်ကာ နှစ်နှစ်ခွဲ ကာလအတွင်း အပြီးတည်ဆောက်ထားရန် မျှော်မှန်းထားကြောင်း စီမံကိန်း ဖြစ်မြောက်ရေး အထွေထွေ အတွင်းရေးမှူး ဦးအောင်မောင်းက ပြောကြားသည်။ ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်ကြီးသို့ တက်လမ်းမှာ မတ်စောက်မြင့်မား၍ တောင်အောက်ရပ်နား နေရာမှ စေတီတော်ကြီးထိ မီတာ ၁၆၅၀ ကွာဝေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment