address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 22, 2013

IC အဖွဲ့ကို ကျပ်သိန်း ၂၅၀ ဖြင့်ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင် ကေဘယ်လ်ကားရန်ပုံငွေ ဖျော်ဖြေပွဲ




22.10.2013

IC တီးဝိုင်းအဖွဲ့ကို တစ်ညဖျော်ဖြေခကျပ်သိန်း ၂၅၀ ဖြင့် ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင် ကေဘယ်လ်ကား ရန်ပုံငွေဖျော်ဖြေပွဲကို နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်တွင် ကရင်ပြည်နယ်၊ သီရိကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲမှ ရရှိငွေများကို အယောက် ၄၀ စီးနင်းနိုင်သော ကေဘယ်လ်ကားအား မှာယူရန်အတွက် ဖြစ်ပြီး ၎င်းကိုမလေးရှား၊ မြန်မာပညာရှင်များက ပူးပေါင်းတပ်ဆင်သွားမည်ဖြစ်သည်။

“ဒီပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမှာပါ။ အစ်ကိုတို့၊ လေးဖြူတို့ရဲ့ ဖျော်ဖြေပွဲအပြင် တခြားသော အနုပညာ ရှင်တွေကလည်း သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ လှူဒါန်းမှုမှာ ပါဝင်ကြမှာပါ။ ဒီပွဲအတွက် သေချာလေးစီစဉ် ထားကြ ပါတယ်”ဟု ယင်းပွဲဖြစ်မြောက်ရေးကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးမှ ဒါရိုက်တာအဏ်ထော်ဏီက မဇ္ဈိမသို့ ပြော သည်။

ယင်းဖျော်ဖြေပွဲအတွက် စီစဉ်သူများသည် Bagan Entertainment မှ တစ်ဆင့် Iron Cross တီးဝိုင်းနှင့် အဆိုတော်များကို တစ်ညဖျော်ဖြေမှုအတွက် ကျပ်သိန်း ၂၅၀ ဖြင့် ငှားရမ်းခဲ့ပြီး ဖျော်ဖြေပွဲ
ပြီးဆုံးပါက ထူးဖောင်ဒေးရှင်းမှ ကေဘယ်လ်ကားစီမံကိန်းအတွက် ကျပ်သိန်း ၅၀ ပြန်လည်လှူဒါန်းသွားမည် ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို ညနေ၅နာရီမှ ည ၁၁ နာရီအထိ ကျင်းပမည်ဖြစ်ကာ ၀င်ကြေး ကျပ် ၃၀,၀၀၀၊ ၂၀,၀၀၀၊ ၁၀,၀၀၀ သတ်မှတ်ထားသည်။ ယင်း ဖျော်ဖြေပွဲတွင် လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်း၊ မျိုးကြီးတို့နှင့်အတူ မီးမီးခဲ၊ မေသူခိုင် စသော အနုပညာရှင်များလည်း ဖျော်ဖြေမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment