address
ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက
( dawnamyay2013@gmail.com )
သို့ပေးပို့နိုင်ပါသည်
Wednesday, October 2, 2013
KIO ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့် ရ
2.10.2013
KIO က ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်း
အစိုးရမှ သန်းခေါင်စာရင်း ဝင်ရောက်ကောက်ယူရန် သဘောတူလက်ခံ လိုက်ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြော သည်။
၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက် တွင် အစိုးရက ပြန်လည်ဆောင်ရွက်သည့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်၌ KIO က ပါဝင်လာခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ တပ်အခြေချစခန်း အပါအဝင် ထိန်းချုပ်နယ်မြေအတွင်းရှိ ကယ်ဆယ်ရေးစ ခန်းနှင့် KIOထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြသူစာရင်း ကိုပါ ကောက်ယူခွင့်ပေးထား သည်ဟု ဦးမြင့်ကြိုင်ထံမှ သိရသည်။ ”ကယ်ဆယ်ရေးစခန်းတွေ၊ နယ်မြေတွင်း အခြေချသူတွေဆီကို ကျွန် တော်တို့ စာရင်းစစ်၊ စာရင်းကောက်တွေ ဝင်ကြ မှာပေါ့။ စစ်စခန်းကိုတော့ တတိယကြားခံ အဖွဲ့တွေနဲ့ ကောက်ယူသွားမှာပါ” ဟုညွှန်ချုပ် ဦးမြင့်ကြိုင်က ဆက်ပြော သည်။
နှစ်ပေါင်း ၃၁ နှစ်အကြာမှ ပြန်လည်ကောက်ယူမည့် အဆိုပါလုပ်ငန်း စဉ်သည် စစ်ရေး၊ နိုင်ငံရေးတို့နှင့် မသက်ဆိုင်ဘဲ ဖွံ့ဖြိုးရေးကိစ္စအတွက် သာဖြစ်၍ KIO ဘက်မှ လက်ခံခဲ့ခြင်း ဖြစ်သော်လည်း စာရင်းကောက်ယူမည့် ကောက်ကွက်မြေ ပုံရေးဆွဲခြင်းကိုေ
တာ့ လက်မခံခဲ့ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ ကိုယ် ပိုင်အုပ်ချုပ်ခွင့် ဒေသများထဲမှ ‘ဝ’ ဒေသတွင်လည်း သန်းခေါင် စာရင်းကောက်ယူမှုကို အစောပိုင်းကာလက သဘော မတူခဲ့သော်လည်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၏ ဆွေးနွေးမှုဖြင့် သဘောတူညီမှု ပြုလုပ်နိုင်ခဲ့ ကြောင်း သိရသည်။
တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုကို မြို့နယ်ပေါင်း ၃၃ဝ၊ ရပ်ကွက်ပေါင်း ၃ဝ၄၄၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၈၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာ၊ အိမ်ထောင် စုပေါင်း ၁၁ သန်းတွင် ဆောင်ရွက်မည်ဟု လဝကမှ ထုတ်ပြန် ထားသည်။ထိုစာရင်းကောက်ယူမှုကို ကျောင်းဆရာ၊ ဆရာမဦးရေ ၁၂ဝဝဝဝ ဖြင့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။
Popular Myanmar News Journal
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment