address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 11, 2013

KNU နှင့် RCSS တို့ရေးဆွဲထားသည့် နိုင်ငံရေးမူဘောင်များကို ကရင်အစည်းအဝေးတွင်တင်ပြမည်

11.10.2013

ယခုလ ၂၅ရက်နှင့်၂၆ရက်တွင် ကျင်းပမည့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးတွင် KNU နှင့် RCSS လက်နက် ကိုင်အဖွဲ့တို့၏နိုင်ငံရေးမူဘောင်များကို ထည့် သွင်းဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း ဖလုံ- စဝေါ်ဒီမိုကရက်
တစ် ပါတီအတွင်းရေးမှူးဦးမန်း အောင်ပြည်စိုးက ပြည်ထောင်စုနေ့စဉ်သို့ပြော သည်။


ယခုနှစ်ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးနှင့် လက်မှတ်ရေးထိုးပွဲကို တိုင်းရင်းသားလက်နက်ကိုင် ၁၁ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော UNFC က လက်မှတ်ရေးထိုးခြင်း မပြုသည့်အပေါ် အပစ်ရပ် KNU နှင့် RCSS တို့က နိုင်ငံရေးမူဘောင်များကို ထိုအ စည်းအဝေး ၌ တင်ပြမည်ဟုဆိုသည်။

''KNU နဲ့ RCSS နှစ်ဖွဲ့တည်းရေးဆွဲ ထားတဲ့ Political Framework ကို ဒီအစည်း အဝေးမှာတင်ပြမှာပေါ့။ အကြံဥာဏ်ယူ တဲ့သဘော ပါ။ ကျန်တာတော့ သူတို့အဖွဲ့တွေရဲ့အရေးဖြစ် လို့ ဂဃဏနမသိဘူး''ဟု ဦးမန်းအောင်ပြည်စိုး က ပြောသည်။

ကရင်ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီကို ဗုဒ္ဓဘာသာဆရာတော်များ၊ခရစ်ယာန် ဘုန်းတော်ကြီးများ၊ နိုင်ငံရေး ပါတီများ၊ အစိုးရ အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံးရှိ ကရင်ရေးရာဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင် များ စသည့်အဖွဲ့ ဝင် ၅၄ဦးဖြင့် ယခုနှစ်အတွင်း ဖွဲ့စည်းခဲ့သည်။

KNU အပါအဝင် ကရင်ပြည်နယ်ရှိ ကရင် ရေးရာအဖွဲ့အစည်းများ စည်းလုံးရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားပြီး ကရင်တိုင်း ရင်းသား အများစုနေထိုင်သည့် ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ တွင် ကရင်အဖွဲ့ အစည်းများ စည်းလုံးရေးအတွက် ဆန္ဒမဲသဘောထားများ ကောက်ယူလျက်ရှိပြီး ထိုမှတစ်ဆင့် ကရင်တစ်မျိုးသားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန်အထိ ရည်ရွယ်ထား သည်။

No comments:

Post a Comment