address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, February 6, 2014

တိုင်းရင်းသားပါတီ ၂၀ ပါဝင်မည့် ဖက်ဒရယ်အကြောင်း သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်


6.2.2014

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)အဖွဲ့မှ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ ပါဝင်မည့် ဖက်ဒရယ်နှင့်ပတ်သက်သော သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်သွားရန်ရှိကြောင်း NBF ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကနေဒါအခြေစိုက် Forum of Federation အဖွဲ့မှ ဖက်ဒရယ်နှင့်ပတ်သက်သည့် နိုင်ငံတကာ ပညာရှင်များက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဖက်ဒရယ်နဲ့ပတ်သက်ပြီး လူတွေက အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ သူတို့ကတော့ ဖက်ဒရယ်ဆိုတာ ဘာလဲဆိုတာကို နိုင်ငံတကာက အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ရှင်းလင်းပေးမယ်။ နိုင်ငံတကာမှာ ဘယ်လိုသုံးတယ်။ ဒီမှာကတော့ ဘယ်လိုပေါ့။ အဲဒါကို ကျွန်တော်တို့က ကိုယ့်နိုင်ငံနဲ့ ဘာတွေကိုက်ညီမလဲဆိုတဲ့ အချက်တွေကို ရွေးယူပြီးတော့ ဒီဘက်မှာ ပြန်ချပြသွားမယ်” ဟု ဦးစိုင်းစောသန်းမြင့်က ပြောကြားသည်။

တိုင်းရင်းသားများက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေးအပေါ် ကြိုးပမ်းမှုများ ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း အစိုးရနှင့် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားနိုင်ရန် ကြိုးပမ်းနေသည်။

Eleven Media Group

No comments:

Post a Comment