address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 14, 2013

ရန်ကုန်မြို့ တွင်းဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ရခိုင့်တပ်မတော်ALP နှင့်သက်ဆိုင်သည်ဆိုသည့်သတင်းများမှန်ကန်မူမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ပြောဆို

14.10.2013

ရန်ကုန်မြိုတွင်းဖြစ်ပွားခဲ့သည် ဗုံးပေါက်ကွဲမူဖြစ်စဉ်များသည် ပါတီဝင်များအားလွတ်ပေးခြင်းမရှိသောကြောင့်  ဦးေ အးမောင် ကျောထောက်နောက်ခံပြု ထားသည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထား သည့် အတိုင်း ရန်ကုန်မြို့ တွင် လက်တုန့်  ပြန်ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်းအင်တာနက်စာ
မျက်နှာများတွင်ပြန်နှံလျှက်ရှိသည့် သတင်းများမှန်ကန်မူမရှိကြောင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်က အောက်တိုဘာ၁၄ရက်နေ့ ရခိုင်ဓမာရုံတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

"ဒီကိစ္စတွေလုံးဝမှန်ကန်မူမရှိပါဘူး။ ရခိုင့်တပ်မတော်ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေ့း ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။ဒီလိုသတင်းမျိုးတွေဟာရခိုင်လူထုနဲ့ အစိုးရကြားမှာသွေးထို့ လုံဆော်မူသက်သက်ဖြစ်တယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလဲရန်ကုန်မှာ ရခိုင်လူမျိုးတွေဆန္ဒပြမယ်ဆိုပြီးသတင်းတွေထွက်ခဲ့သေးတယ်။ ဒါတွေလုံးဝ
မဟုတ်ပါဘူးဟုရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်ကဆိုသည်။

ထို့ ပြင်ရခိုင်ပြည်နယ်သံတွဲမြိုနယ်ပဋိပက္ခအတွင်းဖမ်းဆီးခံထားရသည့် အရပ်ဖက်အဖွဲ့ စည်းမှ ရခိုင်လူမျိုးများနှင့်ပတ်သတ်၍ သက်ဆိုက်ရာလွတ်တော်ကိုယ်စားလှယ်၊ပြည်ထောင်စုလွတ်တော်နှင့်
နိုင်ငံတော်သမ္မတို့ ထံတင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

ပန်မိုးဝါ(ရိုးရာလေး)

No comments:

Post a Comment