address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 2, 2013

လက်နက်ပဋိပက္ခများ၏ ဇာစ်မြစ်ကိုအဖြေရှာကာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု သမ္မတကတိပြု

2.10.2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေး တစ်ခု တည်း ဖြင့် မ လုံလောက်သောကြောင့် လက်နက်ကိုင် ပဋိပက္ခများ၏ ဇာစ်မြစ်များကို အဖြေရှာပြီး နိုင်ငံရေးနည်းလမ်း အရသာ ဖြေရှင်းမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်း တွင် က တိပြုပြောကြားသွားသည်။


လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများအစပြုရန် ဆွေးနွေးပွဲမူဘောင် များ စတင်ပြုလုပ်နေပြီ ဖစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားသည်။"မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေ ကို ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင် ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးတို့ အဆင့်ဆင့် ညှိနှိုင်း ရေးဆွဲ၍ သဘောတူညီမှု ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲများ အပြီးတွင် အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပရန် ဦးတည်လုပ်ဆောင် လျက် ရှိကြောင်း ၄င်းက ထပ်လောင်းပြော ကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည် ဖြစ်ပြီး နိုဝင်ဘာ လ အတွင်းတွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများ စတင်မည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့ ရှိသည့်အနက် (KIO/KIA) ဖွဲ့နှင့် တအောဝ်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်အဖွဲ့ (TNLA) တို့ အပစ်အခတ်ရပ် စဲနိုင်ရန် လိုအပ်နေပြီး အောက်တိုဘာလ ဒုတိယပတ် အတွင်းတွင် လက်မှတ်ထိုးနိုင်ရန် စီစဉ်ထားကြောင်း ၄င်းကဆို သည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ ဆုံခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲ များအတွက် အဖြေရှာရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သဘောတူညီမှု ရရှိခဲ့ကာ ယုံကြည်မှု ပိုမို တည်ဆောက်နိုင်ခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြော ကြား ထား သည်။

The Voice Weekly

No comments:

Post a Comment