address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 20, 2013

ဖောက်ခွဲမူဖြစ်စဉ်များ၏ အဓိကတရားခံဖြစ်သူလွတ်မြောက်နေပြီး ပါဝင်ပတ်သတ်သူ ၈ဥိးအားဖမ်းဆီးပြီးဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်


20.10.2013

ရန်ကုန်၊ မန္တလေး၊တောင်ငူ၊ စစ်ကိုင်း တို့ တွင်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များနှင့်ပတ်သတ်၍ ပါဝင်ပတ် သတ်သူဟုပြောနိုင်သည့် လူ၈ဦးအားဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီးအဓိကတရားခံဟုရဲတပ်ဖွဲ့ မှသတ်မှတ် သည့်နေ တိုး(ခ) စောရွေထူးဆိုသူလွတ်မြောက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက၁၈.၁၀.၂၀၁၃တွင်ရန်ကုန်တိုင်းဒေသကြီးလွတ်တော်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“လက်ရှိဖမ်းမိထားတဲ့လူတွေရဲ့ ထွက်ဆိုချက်အရဆိုရင် အဓိကစေခိုင်းတဲ့သူကစောနေတိုး(ခ)စောရွေထူးဆို သူဖြစ် ပါတယ်။ ဒါပေမယ့်မကြာခင်အချိန်အတွင်းမှာပဲဖမ်းဆီးရမိနိုင်မှာပါ။ သူတခြားနိုင်ငံ ကိုထွက်ပြေးသွားတ ယ် ဆို ရင်တောင် နိုင်ငံတကာရဲတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ လွတ်စရာအကြောင်းမရှိပါဘူး” ဟုမြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းကဆိုသည်။

အဆိုပါဖောက်ခွဲမူဖြစ်စဉ်များတွင် ပါဝင်ပတ်သတ်သည်ဟု ဖမ်းဆီးရမိသည့် စောမြင့်လွင်မှာ ယခင် KNU မှဖြစ်ပြီး ၂၀၀၈ ခုနစ်တွင် KNU မှနူတ်ထွက်၍သတ္တုတွင်းဌာနတစ်ခုတွင်ဝင်ရောက်လုပ်ကိုင်ခဲ့ရာ စောနေတိုးဆိုသူ၏် ခိုင်းစေ ချက်ကြောင့် ဖောက်ခွဲံမူများပြုလုပ်ရခြင်းဖြစ်ပြီးမြန်မာနိုင်ငံအတွင်းဝင်ရောက်လာမည့် ရင်းနှီးမြုပ်နှံ မူများနှင့် ခရီးသွားလုပ်ငန်းအားထိခိုက်စေရန် ရည်ရွယ်စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရမိသည့် စောမြင့်လွင်က ထွက်ဆို ထားကြောင်း သိရသည်။

အဆိုပါ တရားခံဟုယူဆထားသည့် ဖမ်းဆီးရမိသူများသည် KNU တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဆိုသော်လည်း ဖောက်ခွဲံမူဖြစ်စဉ်များသည်KNU နှင့်ဆက်စပ်မူမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်က ဆိုသည်။

“ဖောက်ခွဲမူဖြစ်စဉ်တွေကိုဖော်ပြတဲ့အခါမှာအဖွဲ့ အစည်းတစ်ခုရဲ့ နာမယ်ကိုသုံးထားတာဟာ အဲဒိအဖွဲ့ အစည်းနဲ့ တာဝန်ရှိတယ်လို့ မဆိုလိုပါဘူး။လူအချို့ ရဲသီးခြားလုပ်ဆောင်ချက်ဖြစ်တယ်။KNUဆိုတာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မှာအပစ်ခတ်ရပ်စဲရေးအတွက်ပထမဆုံးလတ်မှတ်ထိုးထားတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။KNUနဲ့ လုံးဝမသက် ဆိုင် ဘူးလို့ ယုံကြည်ပါတယ်” ဟုပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ်ကဆိုသည်။

ထို့ ပြင်မူခင်းကျွမ်းကျင်သူများ၏ စစ်ဆေးတွေ့ ရှီချက်အရရန်ကုန်၊မန္တလေး၊တောင်ငူ၊စစ်ကိုင်းတို့ တွင်အသုံးပြုခဲ့ သည့်ဖောက်ခွဲရေးပစ္စည်းများမှာ အဖွဲ့ အစည်းတစ်ခုတည်းမှ အသုံးပြုထားသည့် လက်လုပ်မိုင်းများဖြစ်သည်ဟုတွေ့ ရှိရကြောင်း ဆက်လက်ထုတ်ပြန်ကြေညာခဲ့သည်။လက်ရှိတွင်ဖမ်းဆီးရရှိထားသူများ၏် ထွက်ဆိုချက်အရ အဓိက တရားခံဟုယူဆရသော စောနေတိုးအားဆက်လက်ဖမ်းဆီးနိုင်ရန်ကြိုးပမ်းနေပြီးလိုအပ်ပါကနိုင်ငံတကာအ ကူညီ များဆက်လက်ရယူသွားမည်ဖြစ်ဗကြာင်းမြန်မာနိုင်ငံရဲတပ်ဖွဲကထုတ်ပြန်ကြေညာခဲ့သည်။အောက်တိုဘာလ အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းတို့ တွင်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမူဖြစ်စဉ်များကြောင့် ပေါက်ကွဲမူ၁၀ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးလူနစ်ဦးသေဆုံး၍ ၃ ဦးဒဏ်ရာရရှိခဲ့သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှထုတ်ပြန်ကြေညာခဲ့သည်။

ပန်မိုးဝါ (ရိုးရာလေး)

No comments:

Post a Comment