ယနေ့ နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်က ယာဉ်မောင်း ဦးစိုးဝင်း(၄၅ နှစ်)
ယာဉ်နောက်လိုက် ချစ်ကိုတို့ လိုက်ပါ သည့် အောင်ဇေယျာဟိန်း
၈စ/...လိုက်ထရပ်ယာဉ်သည် နံနက်၁ဝ ခန့် တွင် ဖြူးမြို့စာ တိုက်အနီး ကားဂိတ်
ရောက်ရှိခဲ့ရာ ခရီးသည်များ ဆင်းသွား ခဲ့ပြီးနောက် ယာဉ်နောက်လိုက် ချစ်ကို က
ယာဉ်ပေါ်တွင် မသင်္ကာဖွယ်အထုပ် တစ်ထုပ်ကိုတွေ့ရှိ၍ ဖြူးမြို့မရဲစခန်း
သို့သတင်းပို့ခဲ့သည်။
ထို့နောက် ဖြူး မြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူးစိုးသန်း၊ စခန်းမှူး ဒုတိယရဲမှူး ကျော်ဝင်းနှင့် တပ်ဖွဲ့ ဝင်များ၊
နယ်မြေခံတပ်ဖွဲ့တို့ ပူးပေါင်း၍ အဆိုပါအထုပ်ကို သဲအိတ် ပီပါခွံများ ကာရံ၍
စစ်ဆေးခဲ့ရာတွင် ဃ-၄ ယမ်းပြင်း အပေါ့အမျိုးအစား ဖြစ်ကာ ဓာတ်ခဲတပ်ဆင်ထားသည့်
နာရီမှ အသံမြည်လျက်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။
အဆိုပါ
အသက်သွင်းထားသော ဗုံးအား စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများက
အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီး စုံစမ်း စစ်ဆေးမှုများ
ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment