address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, January 14, 2014

NLD နာမည်ကို မလျော်သြဇာ သုံးနေသည့် အောက်ခြေ ပါတီဝင်များအား ထိန်းသိမ်းရန်လိုအပ်ဟု မစ္စတာတော့(ပ်)ပြော

14.1.2014

နိုင်ငံ ကျော်မျက်လှည့်ပညာရှင် မစ္စ တာတော့(ပ်)က အမျိုးသားဒီမို ကရေစီပါတီအမည်ကို အသုံး ပြုပြီး မလျော်သြဇာအသုံးပြုနေ သည့် အောက်ခြေပါတီဝင်များ ကို ပါတီတာဝန်ရှိသူများက ထိန်း သိမ်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူ၏ ကိုယ်တွေ့ အဖြစ်အပျက် အပေါ်တွင်အခြေခံပြီး အသိပေးပြောကြားလိုက်သည်။ ယင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇန်န ၀ါရီ၁၃ရက်မွန်းလွဲ၁နာရီက ကျောက်တံတားမြို့နယ်ရှိ မြန်မာ ဂျာနယ် လစ်ကွန်ရက်တွင် မျက် လှည့် ပညာရှင်မစ္စတာတော့(ပ်) (ခ) ဦးညီလှိုင်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ခ နောင်တို အနောက်ရပ်ကွက်ရှိ မျက်လှည့်ပညာရှင် မစ္စတာ တော့(ပ်)ပိုင်ဆိုင်သည့် ဘိုးဘွား ပိုင်ခြံမြေကို ဆိပ်ကြီးခနောင်တို -တွံတေးတံတား တည်ဆောက် မှုအတွင်း အသိမ်းခံရပြီး စီမံ ကိန်းပြီးစီး ချိန်တွင် ပိုလျှံမြေများ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မစ္စတာတော့(ပ်)မိသားစုသို့ ပြန်လည်ပေးအပ်မှုကို ယင်းရပ် ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ (ရပ်/ကျေး)နှင့်အဖွဲ့ဝင်တချို့က တားမြစ်ခဲ့ ရာမှာ အငြင်းပွား မှုပေါ် ပေါက် ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာတော့(ပ်) ၏ပြောကြားမှုအရ သိရသည်။

““အောက်ခြေကလူတွေက ငါတို့အင်န်အယ်လ်ဒီအဖွဲ့ အစည်းကတားတယ်ဆိုပြီး ပြောကြားတားမြစ်ခဲ့တဲ့ဖြစ်ရပ်ဟာ အင်န်အယ်လ်ဒီရဲ့ပုံရိပ်ကို အ ရမ်းထိခိုက်စေတယ်လို့ မြင်တဲ့ အတွက် အထက်ကလူကြီးတွေ လဲသိရအောင် အခုလိုသတင်း စာရှင်းလင်းပွဲ ပြုလုပ်ရတာပါ”” ဟု မျက်လှည့်ပညာရှင်မစ္စတာ တော့(ပ်)က ပြောသည်။

အင်န်အယ်လ်ဒီပါတီအ နေဖြင့် ပြည်သူများထံမှ အစိုးရ သိမ်းယူခဲ့သည့် နစ်နာမှုများကို ဖော်ထုတ် ကာကွယ်ပေးသည် ဟု ၎င်းင်းအနေဖြင့် သိရှိထားပြီး လက်ရှိဖြစ်စဉ်တွင် အစိုးရက ပိုလျှံမြေများကို ပိုင်ဆိုင်ခွင့်ပြန် လည်ပေးအပ်မှုကို အင်န်အယ်လ် ဒီက ကန့်ကွက်ခြင်းသည် မဖြစ် သင့်ဘဲ ထိုကဲ့သို့ အောက်ခြေ ပါတီဝင်များ၏ အခြေအနေ များကို ပါတီတာဝန်ရှိပုဂ္ဂိုလ် များက ထိန်းသိမ်းပြုပြင်ရန် လို အပ်နေပြီဖြစ်ကြောင်း မစ္စတာ တော့(ပ်)က ပြောသည်။

မစ္စတာတော့(ပ်)က ““ဒီ အခြေအနေတွေကို ပါတီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် သာ အချိန်ရမယ်ဆိုရင် အ ထောက်အထားတွေနဲ့တကွ အောက်ခြေအဖြစ်အပျက်တွေ ကိုရှင်းပြချင်ပါတယ်။ အိတ်ဖွင့် ပေးစာသဘောမျိုးလဲ ပေးချင် ပါတယ်””ဟု သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာ၁၄ ရက်က ယင်း၏ခြံဝိုင်းနှင့် တံ တားတည်ဆောက်ရေးအဖွဲ့၏ အကာအရံများကို အင်န်အယ်လ် ဒီရပ်ကျေးပါတီဥက္ကဋ္ဌ၏ အပေါင်း အပါတို့က ဖျက်ဆီးမှုပြုလုပ်ခဲ့ ခြင်းကြောင့် လက်ရှိတွင် ပါတီ ဥက္ကဋ္ဌ၏ညီဖြစ်သူကို အမှု ဖွင့် စစ်ဆေး ဆောင်ရွက်မှုပြုလုပ် နေပြီး ယခုသတင်းစာရှင်းလင်း ရခြင်းသည် အင်န်အယ်လ်ဒီ ပါတီ၏အာဘော်ဖြစ်သည့် ဒီ လှိုင်းစာစောင်တွင် ယင်းအဖြစ် အပျက်ကို တစ်ဖက်သတ်ဖော် ပြထားခြင်းကြောင့် ယင်း၏ဂုဏ် သိက္ခာထိခိုက်ရ သည့် အတွက် မစ္စတာတော့(ပ်)က တန်ပြန် ရှင်းလင်းခြင်းဖြစ်ကြောင်း သိ ရသည်။

ယင်းအင်န်အယ်လ်ဒီရပ် ကျေးဥက္ကဋ္ဌ၏ ပါတီအမည်သုံး ကာ တားမြစ်ထားမှုကြောင့် မစ္စတာတော့(ပ်)ခြံနှင့် တံတား စီမံကိန်းတွင် တချို့မြေပြန်ရသည့် ခြံရှင်တချို့လည်း ခြံမခတ်ရဲ ကြောင်းယင်း၏ပြောကြားမှု အရသိရသည်။ မစ္စတာတော့ (ပ်) က ““ကျွန် တော့်မှာက တိုင်းဒေသကြီးအ စိုးရအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုစာ ကျထားပြီး တချို့က အခုမှ တင်ရတယ်။ သူတို့တားထား လို့ခြံမခတ်ရဲကြဘူး””ဟု သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဆိတ်ကြီးခနောင် တိုမြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးမိုးဟိန်း က အင်န်အယ်လ်ဒီပါတီအမည် သုံးပြီး တားမြစ်ခဲ့သည့် ဆိတ် ကြီးခနောင်တို အနောက်ရပ် ကွက်ဥက္ကဋ္ဌ ဦးမြင့်သန်းအား ယင်းကဲ့ သို့ နောက်နောင်မဖြစ် စေရန် သတိပေးစာထုတ်ပြန် ထားကြောင်း ဝန်ခံပြောပြသည်။

လက်ရှိ မစ္စတာတော့(ပ်) ၏ စီမံခန့်ခွဲခွင့် ရရှိမြေသည် နိုင်ငံတော်က လျော်ကြေးပေး သိမ်းခဲ့သည့် မြေများဖြစ်သည့် အတွက် ပြည်သူပိုင်ဖြစ်သည် ဟု ယင်းရပ်ကွက်ပြည်သူများ ကနားလည်သည့်အတွက် ယင်း မြေနေရာများကို အများ ပြည်သူ အသုံးပြုရန်နေရာ အဖြစ် အား လုံးဆန္ဒဖြင့် တောင်းဆိုကြခြင်း ဖြစ်ကာ ရပ်ကျေးဥက္ကဋ္ဌက ပြည် သူများအစား စကားပြောခဲ့ခြင်း သာဖြစ်ကြောင်း ယင်းကဆက် လက်ပြောသည်။

ဆိတ်ကြီးခနောင်တိုမြို့ နယ် အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမိုးဟိန်းက ““ဒါက ပြည်သူနဲ့ သူနဲ့ဖြစ်တဲ့ပြဿနာပါ။ သူ့ခြံ ကိုခတ်လိုက်ရင် လမ်းကပိတ် သွားပြီ။ ဒါကြောင့် ပြည်သူက တားတာဖြစ်ပါတယ်။ အခုအ ချိန်အထိ ဒီနေရာကို သူ့ကိုပိုင် ဆိုင်ခွင့် မပေးထားသေးဘူး လို့ သိရပါတယ်””ဟု ပြောသည်။ လက်ရှိတွင် ယင်းရပ်ကွက်သားများက ရပ်ကွက်ထွက်လမ်း ရရှိရေးအတွက် မစ္စတာတော့(ပ်) ၏ ခြံမြေဆိုသည့်နေရာထဲမှ အကျယ် ပေ၂ဝရှိသည့် ရပ် ကွက်လမ်း ရရှိရေး တောင်း ဆို ထားကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment