address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 6, 2014

နယ်စပ်ဒုက္ခသည် စခန်းများရှိ မြန်မာများ နေရပ်ပြန်ရန် လိုအပ်ချက်များ စွာရှိနေသေးဟုဆို

စိုင်းဟန်
ရန်ကုန် ၊ ဇန်န၀ါရီ ၅ ။ ။ နယ်စပ် ဒုက္ခသည်စခန်းများ တွင် နေ ထိုင် သည့် မြန်မာနိုင် ငံသားများ အနေဖြင့် နေရပ်သို့ပြန်လည် အခြေချနေ ထိုင် ရန် အခြေအ နေပေါင်းများစွာ
လိုအပ်နေ ကြောင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ ကူညီစောင့် ရှောက်ရေးဆောင်ရွက်သူ ဒေါ် နီလာမြိုင်က ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာများကြောင့် မြန်မာ နိုင်ငံနယ်စပ်ဒေသများရှိ ဒုက္ခ သည်စခန်းများတွင် သွားရောက် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများအနေဖြင့် ပြည်တွင်း သို့ ပြန်လည်အခြေချနေထိုင် ရန်အခက်အခဲများရှိခြင်းဖြစ် ကြောင်း သိရသည်။

ဒေါ်နီလာမြိုင်က ''အခု အချိန်မှာ အပစ်အခတ်ရပ်စဲ သွားပြီဆိုပေ မယ့် ပြည်တွင်းပြန် လည် အခြေချနေထိုင်ဖို့အ တွက် သူတို့နေခဲ့တဲ့နေ ရာတွေ မှာ မိုင်းတွေမရှင်းနိုင်သေးတာ ရယ်၊ လက်ရှိပြည်တွင်းငြိမ်းချမ်း ရေး သဘောတူညီချက်မရသေး တာတွေရယ်၊ ပြန်ဝင်လာပြီး လုပ်ကိုင် စားသောက် မြေ ယာ လုပ်ကိုင်ခွင့်တွေ စတဲ့အခြေ အနေအမျိုးမျိုးကြောင့် လက် ရှိပြန်လာဖို့ဝေးပါသေးတယ်'' ဟုပြောသည်။

ယင်းကဆက်လက်ပြီး ပြန်လည်ဝင်လာမည်ဆိုပါက လက်ရှိနေထိုင်သူ များနှင့် အဆင်ပြေမှုရှိ၊ မရှိကြည့်ရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် နိုင်ငံ ရေးအရယုံကြည်မှုအခိုင်အမာ တည်ဆောက်နိုင်သည့် အချိန် ကျမှသာလျှင်ပြန်လည် ဝင် ရောက်နိုင်မည်ဖြစ်ကြောင်း ပြော သည်။

ဒေါ်နီလာမြိုင်က ''ငြိမ်း ချမ်းရေးဆွေးနွေးမှုတွေလုပ်ပြီး နောက်ပိုင်းသူတို့တွေ ဒီဘက် ကိုပြန်လာပြီး နေခဲ့တဲ့နေရာကို လာကြည့်လို့ရပါတယ်။ ဒါပေမဲ့ ပြန်လည်နေထိုင်ဖို့က အခြေ အနေမပေးသေးတဲ့အတွက် ကြောင့်လဲ ကျွန်မတို့လဲ သူတို့ အတွက် ဒီဘက်မှာလိုအပ်တာ တွေကို လုပ်ဆောင်နေပါတယ်'' ဟုပြောသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် ဒုက္ခသည်စခန်းပေါင်း ကိုးခုခန့် ရှိပြီး လူပေါင်းတစ်သိန်းသုံး သောင်းကျော်ခန့် နေထိုင်ကြ ကာ အများစုမှာ ကရင်တိုင်းရင်း သားများဖြစ်ကြကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment