address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 10, 2013

ကရင်ဒေသ မိုင်းရှင်းလင်း ရေး လုပ်ကိုင်ရန် နော်ဝေ NGO ကမ်းလှမ်းထား


10-7-2013

ကရင်ပြည်နယ်အတွင်း မိုင်းရှင်း လင်းရေး လုပ်ငန်းများတွင် ကူညီရန် နော်ဝေ NGO အဖွဲ့အစည်းတစ်ခုက လာရောက်ကမ်း လှမ်းထားကြောင်း DKBA မှ အသွင်ပြောင်းလဲ ဖွဲ့စည်း လိုက်သော နယ်ခြားစောင့်တပ်ဖွဲ့ (DKBA-BGF) မှ ဗိုလ်မှူးချုပ် စော ချစ်သူက ပြောသည်။



''၁ဝ လပိုင်းလာမယ်လို့ ပြော တယ်။ ဒီမှာက KNU ကထုတ် တဲ့ မြေ မြှုပ်မိုင်းက တော်တော်နာမည်ကြီး တယ်။ ရေချိန်နဲ့ ညှိထားတဲ့မိုင်း သူ့ကို ဘယ်သူ မှ မဖော်ရဲကြဘူး''ဟု ၄င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်း မိုင်းရှင်း လင်းရေးလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်မှု မရှိသေးသကဲ့သို့ အစိုး ရ နှင့် ညှိနှိုင်းမှုများလည်း မရှိသေး ကြောင်း ၄င်းက ဆိုသည်။

''လွန်ခဲ့တဲ့နှစ်ကစစ်တော်တိုင်းမိုင်းကျွမ်းကျင်သူတွေနဲ့BGF,KNUကမိုင်းကျွမ်းကျင်သူတွေပူးပေါင်းပြီး  ပြည် သူတွေအမြဲသွားနေတဲ့ နေရာရပ် ရွာတွေနဲ့ မနီးမဝေးမှာ လုပ်ဖို့ပြောထား တာရှိတယ်''ဟု ၄င်းက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ လက် နက်ကိုင်အဖွဲ့အစည်းများ မှ ထောင် သော မြေမြှုပ်မိုင်းများ များပြားပြီး လက်လုပ်မိုင်းများဖြစ်သည့် သစ်သား မိုင်း၊ ဝါးမိုင်းများအပြင်KNU မှ ၄င်းတို့ နည်းပညာဖြင့် ထုတ်လုပ် ထားသော ရေ ချိန်ကိုက်မိုင်း(၄င်းတို့အခေါ် ပရိယာယ် မိုင်း)လည်း များပြားကြောင်း ၄င်းထံမှ သိရသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ သည် ၄င်းတို့နယ်မြေလုံခြုံရေး အတွက် ခြံစည်းရိုးသဖွယ် မြေမြှုပ်မိုင်းဖြင့် ကာ ထားခြင်းဖြစ်ကြောင်း ¤င်းက ဆိုသည်။

ရေချိန်ကိုက်မိုင်းနှင့် ပတ်သက်၍ KNU မှ ဘားအံဆက်ဆံရေး ရုံးမှ ဦးစောရှီးရှီးသို့ ဆက်သွယ်မေး မြန်းခဲ့ရာ ၄င်းက ''သူတို့ ပြောတာ ကြွမိုင်းကိုနဲ့တူတယ်။ ရေချိန်ကိုက်မိုင်းဆိုပြီးတော့ထုတ်ထားတာမရှိပါဘူး''ဟု ပြော သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေသော သမ္မတ ရုံး ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အ ဖွဲ့သည် Myanmar Peace Centreစင်တာ တွင် မိုင်းစင်တာ ထူထောင်သွားရန် စီစဉ်နေကြောင်း သိရပြီး ဥရောပ သမဂ္ဂ အဖွဲ့ အစည်းများ၏ အထောက်အပံ့ဖြင့် လည်ပတ်မည် ဟုMyanmar Peace Centre ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးနေမျိုးနိုင် က ပြောသည်။

KNU အဖွဲ့အစည်းအနေဖြင့် ကိုယ်တိုင်ထုတ်လုပ်သော မိုင်းမှာ နှစ် ဆင့် ကွဲမိုင်းနှင့် ကြွမိုင်း နှစ်မျိုးရှိပြီး ၄င်းတို့အနေဖြင့် လုံခြုံရေးအရ ထောင် ထားခြင်းဖြစ်ကာ ငြိမ်းချမ်းမှုရပါက ပြန်လည်ဖော်ထုတ်ယူ မည်ဖြစ်ကြောင်း KNU ဘားအံ ဆက်ဆံရေးရုံးမှ ဦးစောရှီ ရှီးက ပြောသည်။

''ခုခေတ်နဲ့စနစ်အရ အားလုံး ဖော်ရလွယ်ပါတယ်။ ထွန်ခြစ်နဲ့ေ တာင် ဖော်လို့ရတယ်။ သိပ်မသင်္ကာရင် ပစ်ခွဲ လိုက်တာပေါ့။ KNU က ထုတ်တဲ့မိုင်းကို ကိုယ့်အဖွဲ့အစည်းမှာပဲ သုံးတာပါ။ ပြင် ပအဖွဲ့အစည်းကို မရောင်း ပါဘူး။ အဖွဲ့ အစည်း အသီးသီးကလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့တော့ မိုင်းထုတ်ကြတာပါပဲ အားလုံးက တစ်ဖွဲ့တည်းကခွဲ ထွက်ကြတဲ့ သူတွေဆိုတော့ ဒါကို အကုန်လုံးတစ်ပုံစံ တည်းရကြရ တာပါပဲ''ဟု ၄င်းက ဆို သည်။

ဝေယံမိုးမြင့်
Popular Myanmar News Journal

No comments:

Post a Comment