address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, January 6, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ  စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ တက်ရောက် ကြပြီး KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ နှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်း၊ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြ သည့် ပဒို စောရော ဂျာခင်၊ ပဒို မန်းငြိမ်းမောင်နှင့် ပဒို စောတာဒိုမူး၊ ဗဟို ကော်မတီ ဝင်များနှင့် အရန်ဗဟို ကော်မတီဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီ လမ်းစဉ် နှင့်အညီ လျှောက် လှမ်း နေမှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဦးနှစ်ဖက် မကြာခဏ ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်ရေး တို့အား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူး စေးဖိုးနှင့်  အဖွဲ့ဝင် များအား အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment