address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 14, 2013

ကော်မူးရာ အထူးဒေသ ကရင်လူငယ် အစည်း အရုံး၏ လုပ်ငန်း ပြန်လည် သုံးသပ်မှု အစည်းအဝေး

       ကော်မူးရာ အထူးဒေသ ကရင်လူငယ် အစည်း အရုံး၏ လုပ်ငန်း ပြန်လည် သုံးသပ်မှု အစည်းအဝေး ကော်မူးရာ အထူးဒေသ                                    ကရင်လူငယ် အစည်း အရုံး၏ လုပ်ငန်း ပြန်လည် သုံးသပ်မှု အစည်းအဝေး ဓါတ်ပုံ - (KYO-HQ)

14.10.2013

 အစည်း အဝေးကို ကော်မူးရာ အထူးဒေသ ကရင် လူငယ် အစည်း အရုံးမှ ခေါ်ယူ ကျင်းပခြင်း ဖြစ်သည်။ အစည်း အဝေး ခေါ်ဆို ရခြင်းမှာ လွန်ခဲ့သော ၃ လ အလွန် ၄ လ ခန့်မှ ချမှတ် ထားခဲ့သော ရှေ့လုပ်ငန်း စဉ်များ ကို ပြန်လည် သုံးသပ် ခြင်းနှင့် လာမည့် ၃ လ အတွင်း လုပ်ဆောင် ကြမည့် လုပ်ငန်း များကို ချမှတ်ရန် ဖြစ်သည်။


အစည်း အဝေးသို့ ကော်မူးရာ အထူးဒေသ ကေဝိုင်အို၏ အကြံပေး နာယကကြီး ၉ ဦး နှင့်အတူ အလုပ် အမှု ဆောင်များ မြို့နယ် ကိုယ်စားလှယ်များ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးကို ဥက္ကဌ စောကျန်းပီးမှ သဘာ ပတိအဖြစ် ဦးဆောင်၍ အခမ်းအနားမှူး အဖြစ် စောဖေါ့ထိုင်ခလိန်း တို့မှ တာဝန်ယူ ခဲ့ပါသည်။

ကရင့် အမျိုးသား သီချင်းကို သီဆို ခြင်းဖြင့် အစည်း အဝေးကို ဖွင့်လှစ်ပြီး ကိုယ်စားလှယ်၊ ခေါင်းဆောင်များ ၏ မိတ်ဆက် ခြင်းဖြင့် အစ ပြုပါသည်။ ပထမ ပိုင်းအနေဖြင့် ဥက္ကဌ မှ အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ နာယက ကြီးများမှ အမှာစကား ပြောကြား သွားကြ ပါသည်။

အထူးသဖြင့် ကရင် လူငယ်များ အနေဖြင့် အမျိုးသားရေးကို လုပ်ဆောင် ရာတွင် ကျရာ အခန်းကဏ္ဍမှ တတ်အား သဖြင့် ဝိုင်းဝန်း ကူညီ ပံ့ပိုး သွားကြရန်၊ ကော်မီတီဝင် များအကြား ဆက်သွယ် ဆောင်ရွက် ရာတွင် စနစ် တကျ ရှိရန်၊ လှုပ်ရှား ဆောင်ရွက်မှု တိုင်းအတွက် ဒေသခံ အစု အဖွဲ့များ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် စနစ်တကျ ဆက်သွယ် ဆောင်ရွက်ရန်၊ လူငယ်ထု များအတွက် အဟန့်အတား ဖြစ်စေမည့် မူးယစ်ဆေးဝါး ပြဿနာ၊ လူကုန်ကူးမှု ကာကွယ် တားဆီးရေး စသည် တို့ကို တိုက်တွန်း အားပေး သွားကြ ပါသည်။ ကရင်လူငယ် အစည်းအရုံး (ဗဟို) ၏ တွဲဘက် အတွင်း ရေးမှူး (၁) စောဂျက်ပစီ မှလည်း နိုင်ငံရေး အရ အစိုးရကို ရင်ဆိုင် မျက်မှောက် ပြုနေ ရချိန်တွင် ကရင် လူမျိုး ဘက်မှ ကရင် လူငယ်များ အနေဖြင့်လည်း ညီညွတ်စွာ လက်တွဲ၍ လုပ်ဆောင် သွားကြရန်၊ တဦး နှင့် တဦး ပုတ်ခတ် ပြောဆို နေမှုများကို ရှောင်ကြဉ်ကာ တူညီသည့် အမြင် သဘောထား ဆုံးဖြတ် ချက်များကို ပူးပေါင်း လုပ်ဆောင် နိုင်ကြရန်၊ မတူညီသည့် အမြင် သဘောထား လှုပ်ရှားမှု များကို နားလည် ပေးကြရန်၊ အထူးသဖြင့် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံး ၏ နိုင်ငံရေး ဘက်စုံ ရင်ဆိုင် ထိုးစစ် ဆင်နေသည့် အပေါ် လူငယ့် အခန်း၊ လူငယ့် ကဏ္ဍကို သေချာ လေ့လာ သုံးသပ်ပြီး စွမ်းစွမ်းတမံ အားကြိုး မာန်တက် လုပ်ဆောင် သွားကြရန် စသည့် အချက်များဖြင့် တိုက်တွန်း အားပေး စကား ပြောကြား သွားခဲ့ ပါသည်။

ဆက်လက်၍ ပြီးခဲ့သည့် ၃ လ ကျော်အတွင်း လုပ်ဆောင်ချက်များ၊ လုပ်ငန်း များကို ပြန်လည် သုံးသပ် ဆွေးနွေး ကြပါသည်။ အခြေခံ လူထု ကျန်းမာရေး သင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ် ပြီးစီး ခဲ့ခြင်း၊ ကရင့်ရိုးရာ လက်ချည် ပွဲကို စုပေါင်း ပြုလုပ်ခြင်း၊ ရုံးအဆောက်အဦး ဆောက်လုပ် နေမှု အတိုင်းအတာ များကို တင်ပြ ဆွေးနွေး ကြပါသည်။

ဒုတိယပိုင်း အနေဖြင့် ရှေ့ဆက် လုပ်ဆောင် ကြမည့် လုပ်ငန်းစဉ် များကို ဆွေးနွေး တိုင်ပင် ကြပါသည်။ ထိုအထဲတွင် ကရင်လူငယ် အစည်းအရုံး အသင်းဝင်များ စာရင်းပြုစု ကောက်ယူခြင်း၊ အဖွဲ့ဝင် ကဒ်ပြားများ ထုတ်ပေးခြင်း၊ ရံပုံငွေ ရှာဖွေခြင်း ဆိုင်ရာ လှုပ်ရှားမှုများ၊ အမှတ်စဉ် (၂) အခြေခံ လူထု ကျန်းမာရေး သင်တန်း ဖွင့်လှစ်ရန်၊ မူးယစ် ဆေးဝါး ကာကွယ် တားဆီးရေး အတွက် သက်ဆိုင်ရာ ဒေသခံ အဖွဲ့ အစည်းများ၊ ဌာန ဆိုင်ရာ များ နှင့် လက်တွဲ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အသီးသီး ဆွေးနွေး တင်ပြ ကြပါသည်။

ဥက္ကဌ စောကျန်းပီး မှ ယနေ့ ရရှိသည့် ဆုံးဖြတ်ချက်၊ သဘောထားများ ကို လာမည့် အလုပ် အမှုဆောင် အစည်း အဝေးတွင် ပြန်လည် ဆွေးနွေးကာ တာဝန် ခွဲဝေ ယူခြင်းဖြင့် ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွား ကြပါမည် ဟု၍ အပိတ် နှုတ်ဆက် စကား ပြောကြား သွားပြီးနောက် အစည်းအဝေးကို လက်ခုပ်တီးကာ ကရင်ဘာသာဖြင့် ကောင်းသောနေ့ ဖြစ်ပါစေ ဟူသောစကားဖြင့် အချင်းချင်း နှုတ်ဆက်ကြရင်း ရုပ်သိမ်းခဲ့ပါသည်။

 နေ့ရက်   - ၁၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ်

နေရာ     - ခွဲကဘောင် ကရင်စာသင်ကျောင်း၊ မဲဆောက်မြို့။

အချိန်    - နံနက် ၈း၃၀ မှ မွန်းလွဲ ၁း၂၅

ရွှေဟင်္သာ

No comments:

Post a Comment