address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 10, 2013

ဆင်းမ်ကတ် နှစ်မျိုးသုံး HTC ဖုန်းသစ်စရောင်း



10.10.2013

ဆင်းမ်ကတ်နှစ်မျိုး သုံးနိုင်သည့် HTC Desire 600c ဖုန်းသစ်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ HTC Concepts Store များတွင် စတင်ရောင်းချနေကြောင်း HTC Myanmar မှ အရောင်းတာ ဝန် ခံချုပ် ဦးခိုင်စိုးက ပြောကြားသည်။

အဆိုပါဖုန်းကို ဇော်ဂျီ မြန်မာစာစနစ်၊ မြန်မာယူနီကုတ်စနစ် စသည့်မြန်မာစာစနစ် နှစ်မျိုးစလုံး ဖတ်ရှုအသုံးပြုနိုင်ရန် ဖန်တီးထားသည်ဟု ဦးခိုင်စိုးက ဆိုသည်။“ဒီဖုန်းမှာ ဆင်းမ်ကတ် နှစ်ကတ်စလုံး စိုက်ထား ရင် CDMA နဲ့ ဖုန်းပြောနေ တုန်း GSM က ဝင်လာရင် လက်ခံပေးထားနိုင်တယ်။ တချို့ဖုန်းတွေမှာ တစ်ကတ်က ဖုန်းပြောနေရင် တခြားကတ်က သုံးလို့မရဘူး။ အင်တာနက်ကိုလည်း နှစ်ခုစလုံးနဲ့ သုံးနိုင်တယ်” ဟု HTC Myanmar မှ နည်းပညာပိုင်းဆိုင်ရာ မန်နေ ဂျာဖြစ်သူ ဦးစံထွန်းက ပြောဆိုသည်။

အဆိုပါ HTC ဖုန်းအသစ်ကို အသုံးပြုလျှင် မြန်စေရန် Processor လေးလုံး ထည့်သွင်း တပ်ဆင်ထားပြီး အသံစ နစ်နှင့် ကင်မရာ စနစ်များ ကောင်းမွန်ကြောင်း ဝယ်ယူသူအချို့က မှတ်ချက်ပြုသည်။

အဆိုပါဖုန်းကို ဈေးနှုန်း ၃၄၉,၀၀၀ ကျပ် သတ်မှတ်ထားပြီး အခြား HTC ဖုန်းများကဲ့သို့ အာမခံသက်တမ်း ၁၈ လ ပေးထားကြောင်း HTC Myanmar ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment