ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅
မိနစ်ခန့်က တောင်ငူမြို့၊ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင်
ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး
သေဆုံးပြီး အမျိုးသမီး တစ်ဦးအား တောင်ငူမြို့၊ ပြည်သူ့ဆေးရုံကြီး
အရေးပေါ်ဌာနသို့ တင်ပို့ကုသလျက် ရှိကြောင်း သိရသည်။
်တောင်ငူမြို့၊ ချမ်းမြေ့ တည်းခိုရိပ်သာ အပေါ်ထပ် အခန်းအမှတ် ၆ တွင်
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခန်းနံဘေး ပြတင်းပေါက်
လိုက်ကာအတွင်းမှ အိတ်အ၀ါရောင် တစ်လုံးအား တွေ့ရှိ၍ ဖွင့်ကြည့်ရာမှ ယခုလို
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခန်းအမှတ် ၆ နှင့်
ကပ်လျက် အခန်းတွင် တည်းခိုနေသူ တောင်ငူမြို့ မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ (၁၀)
မှ တပ်သား နေမျိုးကျော် ၂၉ နှစ် (ဘ) ဦးကျော်လွင်၊ ငှက်ပျောတောကျေးရွာ
လယ်ဝေးမြို့သည် မယုယုခိုင် ၂၃ နှစ် (ဘ) ဦးသိန်းဝင်း၊ မငြိမ်းသီတာ ၂၇ နှစ်
(ဘ)ဦးခင်မောင်သန်း ရွှေကန်သာ ၄ လမ်း၊ မြို့မ ၄ ရပ်ကွက်၊ ညောင်လေးပင်မြို့
နေသူတို့နှင့်အတူ စကားပြော နေကြစဉ် အခန်းနံဘေးရှိ ခန်းဆီးလိုက်ကာ အနီးမှ
အိတ်အ၀ါရောင်တစ်လုံး တွေ့ရှိခဲ့ပြီး ၎င်းအိတ်အား နေမျိုးကျော်က
ယူပြီးဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ
ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် နေမျိုးကျော်မှာ အခင်းဖြစ်ပွား နေရာတွင်
ဗိုက်ပွင့်ထွက်ကာ သေဆုံးသွားခဲ့ပြီး မယုယုခိုင်နှင့် မငြိမ်းသီတာတို့
နှစ်ဦးအား တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ယင်းနေ့ ည ၁၁
နာရီ မိနစ် ၂၀ တွင် မယုယုခိုင်မှာ အခင်းဖြစ်စဉ်က ရရှိခဲ့သော ဒဏ်ရာဖြင့်
သေဆုံးသွားခဲ့သည်။
မငြိမ်းသီတာမှာ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment