address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 16, 2013

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ပြေးဆွဲရေး ကိစ္စ နှစ်ဦးနှစ်ဖက်ပြေ လည်မှုရရှိ


16.10.2013

ကျိုက်ထိုမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေး မှုကော်မတီမှ တောင်တက်မော်တော် ယာဉ်ငါးစီး ပြေး ဆွဲခွင့် တောင်းခံထားသည့်ကိစ္စ နှင့်ပတ်သက်၍ညှိနှိုင်းပွဲကို အောက် တိုဘာ၁၃ရက်တွင် မြို့နယ်အုပ် ချုပ်ရေးမှူးရုံး ဧည့်ခန်းမ၌ပြုလုပ် ခဲ့ရာ နှစ်ဦးနှစ်ဖက်ပြေလည်မှုရ ရှိသွားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြို့နယ်အုပ် ချုပ်ရေးမှူးဦးမျိုးအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့ နယ်ဥပဒေအရာရှိ ဒေါ်ခင်အေး ဟန်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးစံမြ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး၊ တောင်တက်မော်တော် ယာဉ်အသင်းဥက္ကဋ္ဌ ဦးဝိတင်၊ ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစောဗန်ဒိုနှင့်အဖွဲ့ဝင် များ၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေး အထောက်အ ကူပြုကော်မတီဥက္ကဋ္ဌတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကရင်စာပေ နှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစောဗန်ဒိုနှင့် ဆွေးနွေးညှိနှိုင်း ကြရာ တောင်တက်မော်တော် ယာဉ်အသင်းအနေဖြင့် ယခုနှစ် ပွဲတော်ရာသီကာလတွင် ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ မှ ယာဉ်ပြေးဆွဲလိုမှုနှင့်ပတ်သက် ၍ ပုဂ္ဂလိကမော်တော်ယာဉ်များ ပြေးဆွဲမှုဥပဒေအရ မော်တော် ယာဉ်စီးရေတိုးချဲ့ရန် ချက်ချင်း မဖြစ်နိုင်သေးသည့်အတွက် လာ မည့်နှစ်ပွဲတော်ရာသီတွင် ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ အမည်ဖြင့် ယာဉ်သုံးစီးပြေးဆွဲခွင့် ပြုနိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယခုနှစ် ယာဉ်ဝင် ရောက်ပြေးဆွဲခွင့် ဆောင်ရွက် ပေးနိုင်ခြင်းမရှိသော်လည်း ယာဉ် သုံးစီးစာအတွက်ရရှိမည့် အကျိုး အမြတ်ဖြစ်သည့် ကျပ်သိန်း၆၀၀ အား တောင်တက်မော်တော်ယာဉ် အသင်းမှ ကရင်စာပေနှင့် ယဉ် ကျေးမှုကော်မတီသို့ ပေးအပ်မည် ဖြစ်ကြောင်း၊ ပေးအပ်မည့်အစီ အစဉ်မှာ အောက်တိုဘာ၁၅ရက် တွင် ကျပ်သိန်း၁၅၀၊ တန်ဆောင် မုန်းလပြည့်နေ့တွင် ကျပ်သိန်း၁၅၀၊ ဒီဇင်ဘာလတွင် ကျပ်သိန်း၁၅၀၊ သင်္ကြန်ကာလတွင် ကျပ်သိန်း၁၅၀ စသည်ဖြင့် အရစ်ကျပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်းခဲ့ ကြကြောင်း သိရသည်။ 

Yangon Media Group

No comments:

Post a Comment