address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 16, 2013

"တိုင်းရင်း သားများ စည်းလုံး ညီညွတ်ဖို့သာ အဓိကနဲ့ ပထမ"



16.10.2013

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် မတ်လတွင် အစိုးရနှင့် အပစ် အခတ် ရပ်စဲ ခဲ့ပါသည်။ အပစ် အခတ် ရပ်စဲရေး အတွက် ပြည်နယ် အဆင့် သဘော တူညီချက် (၅) ချက်နှင့် ပြည်ထောင်စု အဆင့် သဘော တူညီချက် (၁၄) ချက် တို့ဖြင့် စာချုပ် ချုပ်ဆို ခဲ့ပါသည်။

KNPP သည် ငြိမ်းချမ်းရေးကို လိုလားခြင်း အားဖြင့် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်း လိုသော စေတနာနှင့် အပစ်အခတ် ရပ်စဲ ခဲ့သည်မှာ အမှန် ဖြစ်ကြောင်း ဆိုပါသည်။ သို့သော်လည်း အစိုးရသည် ထိုသဘော တူညီချက် များကို ကြောခိုင်း ခဲ့ခြေပြီ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေး အတွက် အသစ် လက်မှတ် ထိုးရန် လိုအပ် သည်ဟု ပြီးခဲ့သည့် စက်တင်ဘာ လဆန်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အား အသိပေး ခဲ့ပါသည်။ ထို့အတူ နောင်လာမည့် ဆွေးနွေးပွဲ များကိုလည်း UNFC အဖွဲ့နှင့် တွေ့ဆုံ တော့မည် မဟုတ်ဟု မွန်ပြည်နယ် မော်လမြိုင် မြို့၌ကျင်းပသော အပစ်ရပ် (၄) ဖွဲ့၏ ဆွေးနွေးပွဲ ပြုလုပ်ချိန်တွင် ၀န်ကြီး ဦးအောင်မင်း က ထုတ်ဖေါ် ပြောကြား ခဲ့ပြန် ပါသည်။

ဤသို့သော အခြေအနေ များကြောင့် KNPP သည် အစိုးရနှင့် ရယူ ထားသော အပစ်အခတ် ရပ်စဲ ရေးကို ပြီးခဲ့သည့် စက်တင် ဘာလတွင် ပြန်လည် သုံးသပ် ခဲ့ရပြီး ရရှိသည့် အခြေအနေ များကို ပြည်သူ များအား ရှင်းလင်း တင်ပြ လာခဲ့ရာ ယမာန်နေ့ တွင်လည်း ကရင်နီ ဒုက္ခသည် စခန်း၌ထပ်မံ ရှင်းလင်း ခဲ့ပါသည်။

ယင်း ရှင်းလင်းပွဲတွင် KNPP ဒုတိယ ဥက္ကဌ ခူးဦးရယ်က “ ကျနော်တို့ ပြောနေ တာက အစိုးရ ကသာ တပြည်လုံး အပစ် အခတ် ရပ်စဲရေးကို အရင် ကြေညာ ပေးပါလို့ တင်ပြ ခဲ့တယ်။ ၀န်ကြီး ဦးအောင်မင်း ပြန်ပြော တာက လက်မှတ် ထိုးပြီးမှ ကြေညာ မယ်လို့ ဆိုပါတယ်။ ဤသို့ကြောင့် အစိုးရနှင့် တဆင့်ပြီး တဆင့် သဘောထား ကွဲလာ သဖြင့် KNPP ၏ နောက်ဆုံး သဘော ထားကို သိရှိ နိုင်ရန် ဒုတိယ ဥက္ကဌ ခူဦးရယ်အား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

     မေး ။ အပစ်အခတ် ရပ်စဲရေး အခြေ အနေနဲ့ ပတ်သတ်ပြီး မနေ့က KNPP က လူထု ရှင်းလင်းပွဲ ကျင်းပပြီး ရှင်းလင်း ခဲ့တယ်လို့ ကြားတယ်။ အဲဒီ အထဲမှာ ဆရာတို့ ဘက်က တပြည်လုံး အပစ်အခတ် ရပ်စဲ ရေးကို အစိုးရ ဘက်ကအရင် ကြေညာ ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်။ အစိုးရ ဖက်က ပြောနေ တာက လက်မှတ် ထိုးပြီးမှ ကြေညာ မယ်လို့ ဆရာက ရှင်းလင်း ခဲ့တယ် ဆိုတော့ KNPP တောင်းဆိုတဲ့ အတိုင်း အစိုးရက မလိုက် လျောဘူး ဆိုရင် KNPP က လက်မှတ် မထိုးဘူး ဆိုတဲ့ သဘောလား။

ဖြေ။ တတိုင်း ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘော ထားနဲ့ ပတ်သတ်ပြီး KNPP မှာ ရပ်တည်ချက် (၆) ချက်ရှိ ပါတယ် ဒါပေမယ့် ရပ်တည် ချက်ကို UNFC အဖွဲ့ဝင် တွေနဲ့ တပြေးညီ ဖြစ်အောင် ဆုံးဖြတ် သွားဖို့နဲ့ KNPP လက်မှတ် ရေးထိုးမယ် မထိုးဘူး ဆိုတာကို UNFC အပေါ်မှာ မူတည် တယ်လို့ သဘောထား ရှိပါတယ်။ KNPP ရဲ့ ရပ်တည် ချက်နဲ့ အလား တူပဲ UNFC ကလည်း အဲဒီ အတိုင်းပဲ သဘောထား ကြပါတယ်။ ကျနော်တို့ KNPP အနေနဲ့ ကတော့ တတိုင်း ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးကို တဖွဲ့တည်း အနေနဲ့ သွားထိုးမှာ မဟုတ်ဘူး ဆိုတာ သေချာ သွားပါပြီ။ အဲဒီတော့ KNPP နည်းတူ အစိုးရရဲ့ တတိုင်း ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ် မထိုးခင် ကြေငြာ ပေးရမယ် ဆိုတဲ့ သဘော ထားကို UNFC က လဲအဲဒီ အတိုင်းဘဲ သဘောထား ကျပါတယ်။ ကျနော်တို့ သဘောထားနဲ့ UNFC သဘော ထားက တပြေးညီ တစ်ထပ်တည်း ကျတယ်လို့ ကျနော်တို့ အဲလိုပဲ နားလည် ထားပါတယ်။ ကျန်တဲ့ UNFC အဖွဲ့ဝင် မဟုတ်တဲ့ တခြား အဖွဲ့တွေကလဲ ဒီသဘော ထားမျိုး တချို့ ရှိကောင်း ရှိမယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ကလည်း ကျန်တဲ့ တိုင်းရင်းသား တွေနဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ဖို့ ရှိပါတယ်။ ညှိနှိုင်းပြီးမှ ရလာတဲ့ အဖြေ ပေါ်မှာ မူတည်ပြီး အဲဒီ အပေါ်မှာပဲ ဆက်လက် ရပ်တည် သွားမှာပါ။

မေး ။ KNPP ရဲ့ ရပ်တည်ချက် (၆) ချက်ကိုပြောပြလို့ ရမလား။

ဖြေ။ကျနော် တို့ရဲ့ ရပ်တည်ချက် ကတော့၁) လက်မှတ် မထိုးခင် ခုန ပြောသလို အစိုးရ ဘက်က အရင် ကြေငြာ ပေးရမယ်၊၂) အပစ် မရပ်ရ သေးတဲ့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့စည်း များနဲ့ တကြိမ်တည်း မှာပဲ အပစ်အခတ် ရပ်စဲ ရေးကို လုပ်ရမယ်၊၃) လက်မှတ် ထိုးတဲ့ အခါ သက်ဆိုင်ရာ တာဝန် ရှိသူတွေ ပါဝင် ရမယ်။ ဥပမာ - အစိုးရ ဆိုတော့ သမ္မတ ပါရမယ်၊ စစ်ဖက် ဆိုင်ရာမှာ စစ်ဦးစီးချုပ်၊ လွတ်တော် ဆိုရင် လွတ်တော် ဥက္ကဌ ပါရမယ်။ ၄) တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲ ရေးမှာ ထင်သာ မြင်သာ ဖြစ်အောင် အပြည်ပြည် ဆိုင်ရာ သက်သေနှင့် ပြည်တွင်း သက်သေတွေ ပါရမယ်၊ ၅) လက်မှတ် ထိုးပြီး တာနဲ့ အဖွဲ့အစည်း တိုင်းကို တရားမ၀င် အသင်း အဖြစ်မှ ပယ်ဖျက် ပေးရမယ်၊ ဆိုတာတွေ ဖြစ်ပါတယ်။

မေး ။ KNPP ကဘယ်လို အခြေအနေမျိုး ဖြစ်လာမှ လက်မှတ် ရေးထိုး နိုင်မလဲ တိကျတဲ့ သဘောပေါ့။

ဖြေ။အပေါ် မှာလည်းကျနော် ပြောပြီးသားလည်း ရှိပါတယ်။ကျနော်တို့ကတဖွဲ့တည်း အနေနဲ့ဆုံးဖြတ်ပြီး လုပ်သွား လိမ့်မယ် မဟုတ်ဘူး။ကျနော် တို့က ကျန်တဲ့ တိုင်းရင်းသား တွေနဲ့ အတူ တကွ လက်တွဲ သွားမယ် အထူး သဖြင့် UNFC ကနေ ထွက်လာမယ့် ဆုံးဖြတ်ချက် အတိုင်း သွားမယ်လို့ ကျနော်တို့ သဘောထား ရှိပါတယ်။ UNFC ကလည်း ဘယ်လို သဘော ထားချမလဲ ဆိုတဲ့ အပေါ်မှာ အများကြီး မူတည် ပါတယ်။ အဲဒါ ပါဘဲ။

 မေး ။ UNFC မှာလဲ ပြီးခဲ့တဲ့ ရက်ပိုင်း တွေက ဆုံးဖြတ်ချက် ချတာထားတဲ့ အတိုင်းကို ပြောတာလား။

ဖြေ။ ပြီးခဲ့တဲ့ ရက်ပိုင်းကUNFC ကဆုံးဖြတ် ထားတာ ရှိပေမယ့်အဲဒီ သဘောထား ကလည်းနောက်ဆုံး သဘောထားတော့ မဟုတ် သေးဘူး ပေါ့နော်။ လမကုန်ခင် ကချင် ပြည်နယ် လိုင်ဇာ မြို့မှာ UNFC အဖွဲ့တွေ အပြင် တခြား တိုင်းရင်းသား အဖွဲ့အစည်း အားလုံးရဲ့ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်မယ့် အစည်းအဝေး တစ်ရပ် လုပ်ဦးမယ့် အစီ အစဉ် လေးတွေ ရှိတော့ အဲဒီ ထိပ်သီး အစည်း အဝေးမှာပဲ ပိုပြီးတော့ ဆုံးဖြတ် ချက်က တိကျ ခိုင်မာအောင် ချနိုင် ပါလိမ့်မယ်လို့ သုံးသပ်လို့ ရပါတယ်။

မေး ။ တကယ်တော့ အစိုးရဟာ သဘော တူညီ ချက်တွေ ရယူပြီးမှ အပစ်အခတ် ရပ်စဲ ခဲ့တယ်။ ဒါပေမဲ့ သဘောတူ ထားတဲ့ အတိုင်းလည်း အကောင် အထည်မဖော် ပေးတဲ့ အပြင် မူအသစ်ပါ ထပ်ပြောင်း ခဲ့လို့ အခု တပြည်လုံး အတိုင်းအတာ အပစ် ရပ်ရေးကို တောင်းဆို လာပြန် ခဲ့တယ် မဟုတ်လား။ ဒီတော့ အစိုးရက တောင်းဆို သလို ဆရာတို့ ဘက်က မလိုက် လျောဘူး ဆိုရင် ဆရာတို့လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးကို မတရား အသင်း အဖြစ်ကြေညာ နိုင်လိမ့်မယ် လို့ကော မယူဆ ကြဘူးလား။

ဖြေ။ ကျနော်တို့ တိုင်းရင်းသား အားလုံး အတူ တကွ ညီညီညွတ်ညွတ် ရှိနေမယ် ဆိုရင် အစိုးရ အနေနဲ့ တရားမ၀င် အသင်းကို ကြေငြာဖို့က တော်တော်လေးကို ခဲယဉ်း လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ တကယ်တော့ ကျနော်တို့ တိုင်းရင်းသား အဖွဲ့ အစည်း အပေါ် မှာပဲ မူတည် ပါတယ်။ ကျနော်တို့ အားလုံးက တညီ တညွတ်တည်း စည်းစည်း လုံးလုံးနဲ့ ဒီရပ်တည်ချက် (၁) ခုပေါ်မှာ အတူတကွ သွားကြမယ်လို့ ဆုံးဖြတ်ချက် ကျလာ ခဲ့မယ် ဆိုရင် အစိုးရ ဘက်ကလည်း မတရား အသင်း အဖြစ် ကြေညာ နိုင်လိမ့် မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ စည်းလုံး ညီညွတ်ရေးက အင်မတန်မှ အရေးကြီး တယ်လို့ ပြောချင် ပါတယ်။

 မေး ။ တကယ်လို့ ဆရာ ထင်သလို မဖြစ်လာပဲ အစိုးရ ဘက်က မတရား အသင်း ကြေငြာပြီး ဆရာတို့ကို သူပုန်အဖြစ် ပြန်လည် စွပ်စွဲရင် ဘယ်လို လုပ်ကြ မှာလဲ။

ဖြေ။ ဒီတစ်ကြိမ် အပစ်အခတ် ရပ်စဲရေး လုပ်တာ ဟာလည်း အကောင်း ဆုံးကိုပြင်ဆင်ပြီး လုပ်ခဲ့သလိုအဆိုးဆုံးကို လည်းရင်ဆိုင်ဖို့ ပြင်ဆင် ထားပါတယ်။ကျနော်တို့ ကတော့ အကောင်းဆုံး ဖြစ်အောင်တော့ မျှော်လင့် ထားပါတယ်။ တကယ်လို့ အစိုးရ ဘက်က မတရား အသင်း ကြေငြာ ခဲ့မယ် ဆိုရင်လည်း ကျနော်တို့ အားလုံး စုပေါင်းပြီး ဆုံးဖြတ် ထားတာ ဆိုတော့ စုပေါင်း ရပ်တည် ပြီးတော့ ဖြစ်လာတဲ့ အခြေ အနေ အပေါ်မှာ ရင်ဆိုင် သွားဖို့ပဲ ရှိတော့တယ်။ ၁၉၉၅ တုန်း ကလည်း KNPP အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ပြီးပြီပဲ။ ၃လတောင် မပြည့် သေးဘူး အစိုးရနဲ့တိုက်ပွဲ ပြန်ဖြစ် တာပဲ ကျနော်တို့ အတွက်က ဒါက အထူးအဆန်း မဟုတ်တော့ ပါဘူး ဖြစ်ရိုး ဖြစ်စဉ် ပါပဲ။ ဖြစ်လာ သမျှကို ကျနော်တို့ အားလုံးကို ရင်ဆိုင် ရတာ ချည်းပါပဲ။

မေး ။ အစိုးရ ဘက်က တိုင်းရင်းသား အဖွဲ့တွေရဲ့တောင်းဆိုမှု အပေါ်မှာ လိုက်လျော ပေးမယ်လို့ယုံကြည် ပါသလား။

ဖြေ။ အစိုးရ ဘက်ကသူတို့ မူကိုသွေဖီ ပြီးတော့ ကျနော်တို့ တိုင်းရင်းသား တွေရဲ့ တောင်းဆိုမှု အပေါ်ကို လိုက်လျော ဖို့က တသက်လုံးလည်း မလုပ်လာ ခဲ့သလို လုပ်လည်း လုပ်ပေး လိမ့်မယ် မဟုတ်ဘူး ဆိုတာကိုကျနော်တို့အားလုံးလည်းသဘောပေါက် ပြီးသား ဖြစ်ပါတယ်။ဒီတော့ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံး မှာဘဲ မူတည် လိမ့်မှာပါ။ ကိုယ့်အဖွဲ့ အစည်း တစ်ခုရဲ့အခွင့်အရေး အကျိုး စီးပွားကိုပဲ ကြည့်မလား။ တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး အကျိုး စီးပွား ကိုပဲ ကြည့်မလား ဆိုတာကို ကျနော်တို့ အားလုံးက လေးလေး နက်နက် စဉ်းစားဖို့ လိုပါတယ်။

မေး။ ။ KNPP ကရော ဘယ်လို အခွင့်အရေး အကျိုး စီးပွားကို ရမှ လုပ်ဆောင် သွားမလဲ။

ဖြေ။ ကျနော်တို့ KNPP အနေနဲ့ကိုယ့်ရဲ့မိခင် အဖွဲ့စည်းတဖွဲ့တည်း အကျိုးစီးပွား အခွင့်အရေးတို့ ကရင်နီ အမျိုးသား အားလုံးရဲ့အကျိုး စီးပွား လောက်ပဲ ကြည့်ပြီး သွားမှာ မဟုတ် သလို ဆုံးဖြတ် မှာလည်း မဟုတ်ဘူး။ ကျန်တဲ့ တိုင်းရင်းသား အားလုံးရဲ့ အကျိုး စီးပွား တွေကို ကြည့်ပြီး အတူတကွ သွားကြ မှာပါ။

မေး။ ။ အစိုးရရဲ့ လုပ်ဆောင် ချက်တွေ လှုပ်ရှား နေပုံ တွေကို ကြည့်မယ် ဆိုရင် မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်လိမ့်မယ်လို့ ထင်ပါလား။ ဘယ်လို ယူဆ ပါသလဲ။

ဖြေ။ ပြောရ ရင်တော့ မြန်မာ နိုင်ငံက ငြိမ်းချမ်းရေးဟာအ ချိန် တော်တော် လေးကို ယူရ ဦးမယ်။ အစိုးရ ဘက်ကတော့ ၂၀၁၅ ခုနှစ် မတိုင်ခင် ပြီးပြတ် စေချင်တဲ့ သဘော ရှိတယ်။ ဒါပေမဲ့ ၂၀၁၅ ကျော်ရင်တော့ ဘယ်အစိုး ရက တက်လာမလဲ ဆိုတာ မသိဘူး ဆိုပြီး အစိုးရ ဖက်က အရိပ်အမြွှက် လေးတော့ ပြောသွား ပါတယ်။ ဒါကြောင့် သူတို့ လက်ထက် မှာပဲ ညှိနှိုင်း ဆောင်ရွက်လို့ လွယ်ကူ လိမ့်မယ် ဆိုတဲ့ သဘောမျိုး ကိုလည်း သူတို့ ပြသ ခဲ့တယ် ဆိုတော့ ရှင်းရှင်း ပြောရ ရင်တော့ ဒါက အစိုးရ ဘက်က လောပြီးတော့ လုပ်ချင် နေတဲ့ ဟာပါ။ ဒါပေမယ့် မတိမကျ မသေမချာ မပြီးမပြတ် ပဲနဲ့ ပြီးသွားတဲ့ ကိစ္စ မျိုးတော့ မဟုတ်ဘူး ဆိုတာ ဒါကို တိုင်းရင်းသား အားလုံးက သဘောပေါက် ကြဖို့က အရေးကြီး ပါတယ်။

မေး ။ မနေ့တုန်းက ကျင်းပတဲ့ လူထု ရှင်းလင်းပွဲမှာ လူထုတွေက ဘာတွေ တုန့်ပြန် ပြောသွား ကြတာ ရှိလဲ။

ဖြေ။ လူထုတွေ ကတော့ KNPP လုပ်ဆောင်ချက်က ကရင်နီ လူထု အတွက် အကောင်းဆုံး နည်းလမ်းကို ရှာကြံပြီး အကောင်းဆုံး ဖြစ်အောင် ဆက်လုပ် သွားကြ လိမ့်မယ်လို့ ယုံကြည် ကြတဲ့ အကြောင်း၊ ဒီထက် ကောင်းတဲ့ အကြံဥာဏ် ဆိုလို့ သူတို့ အနေနဲ့မပေးနိုင် ဘူးလို့ပဲ ပြောပါတယ်။ KNPP လုပ်ဆောင်ချက် အပေါ်မှာ အမြဲတမ်း ထောက်ခံ အားပေး သွားလိမ့် မယ်လို့ ပြောပါတယ်။ 

မေး။ ။ လူထု ရှင်းလင်း ပွဲက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် ကရင်နီ ဒုက္ခသည်စ ခန်းမှာပဲလုပ်မှာလား ပြည်တွင်း မှာရော ကျင်းပဖို့ အစီအစဉ် ရှိလား။

ဖြေ။ ကျနော် တို့က အချိန်က မရ သေးတော့ ကျနော်တို့နဲ့ နီးတဲ့ ဒုက္ခသည် စခန်း မှာပဲ အရင် လုပ်ရ တာပါ။ နောက်လ ကျရင် ကျနော်တို့ ပြည်တွင်းမှာ သွားလုပ်ဖို့ ရှိတယ်။ ကျနော်တို့က အပစ်အခတ် ရပ်စဲရေး ခေါင်းစဉ် အောက်မှာပဲ လူထုနဲ့ ဆွေးနွေးပွဲ ကျင်းပ သွားမယ် ဘာကြောင့်လဲ ဆိုတော့ အစိုးရနဲ့မဆွေးနွေးခင် ကတည်းက လူထု သဘော ထားကို ရယူ ခဲ့သလိုအစိုး ရနဲ့ဆွေးနွေးခဲ့ပြီး ချိန်မှာလည်း ဖြစ်ပေါ် လာတဲ့ အခြေအနေ ပြောင်းလဲမှု တွေကို ပြည်သူ လူထုကို ချပြ ရမယ် ဆိုတာ ကိုလည်း ကျနော်တို့ ပြောထားတာ ရှိပါတယ်။



ရွှေဟင်္သာ

No comments:

Post a Comment