address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 24, 2013

ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့်နိုင်ငံရေး ငြိမ်းချမ်းရေးရမှဖွဲ့နိုင်မည်


    
24.10.2013

၂ဝ၁၅အလွန် နိုင်ငံရေးတိုးတက် ဖြစ် ထွန်းလာမှုအပေါ်မူတည်၍ကရင်တစ်မျိုးသား လုံးကိုကိုယ်စားပြုသည့် နိုင်ငံရေးပါတီ တစ် ရပ်ဖြစ်ပေါ်ရန်ရည်မှန်းချက်အား ငြိမ်းချမ်း ရေးတည်ဆောက်နိုင်မှသာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဟု ကရင် အမျိုးသား အစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။


  ကရင်နိုင်ငံရေးပါတီ လေးပါတီက တစ်ပါတီတည်းအဖြစ် ပေါင်းစည်းနိုင်ရေး ဆောင်ရွက်မှုများရှိနေကာ ယင်းလုပ်ငန်းစဉ် တွင် ကရင်တစ်မျိုးသားလုံး၏ ပင်မမဏ္ဍိုင် ဖြစ်သည့် KNU ပါဝင်လာရန်ဆန္ဒရှိနေသည့် အပေါ် KNU အနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
   
 ''KNU က ဒီနေ့အထိတရားဝင်ပါတီ အနေနဲ့ ရပ်တည်လို့မရသေးဘူး။ ဒါကလဲ ငြိမ်းချမ်းရေးတည်ဆောက်တာ မပြည့်စုံသေး တဲ့အတွက် အစိုးရကလဲ မတရားအသင်း ကြေညာတာကို မပယ်ဖျက်နိုင်သေးဘူး။ ဒါ တွေကိုပယ်ဖျက်နိုင်မှသာ၊ကရင်တစ်မျိုးသား လုံးကိုကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတစ်ရပ်ဖွဲ့စည်းနိုင်မှသာဝင်ရောက်ဆောင်ရွက်နိုင်မှာဖြစ်တယ်''ဟုဖဒိုမန်းငြိမ်းမောင်ကပြော သည်။
    
ယခုလက်ရှိအချိန်တွင် ကရင်နိုင်ငံရေး ပါတီလေးပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေး အတွက် ဆောင်ရွက်မှုများရှိနေသည်။

    ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက် တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီဟူသည့် ကရင်နိုင်ငံရေး ပါတီလေးပါတီသည် စက်တင်ဘာတွင် ဘားအံမြို့တွင် တစ်ပါတီတည်းပေါင်းစည်း နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

The Union Daily 

No comments:

Post a Comment