address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 22, 2013

ဆီးဂိမ်းအကြို ပြုလုပ်တဲ့ ထိုင်းတေးဂီတဖျော်ဖြေပွဲ စတင်



22.10.2013

ထိုင်းနိုင်ငံမှာ နာမည်ကျော် ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Carabao အဖွဲ့က ဆီးဂိမ်းအကြိုလှုံ့ဆော်တဲ့အနေနဲ့ အောက်တိုဘာ လ ၂၁ ရက်နေ့ ရန်ကုန်မြို့ Junction Square မှာ ညနေ ၅း၀၀နာရီကနေ စတင်ဖျော်ဖြေ မှာဖြစ်ပါတယ်။

ဒီပွဲမှာ ထိုင်းတေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုအပြင် Miss International 2012 မှ ခုနှစ်နိုင်ငံရဲ့မယ်များကလည်း catwalk လျှောက် မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပေးပါတယ်။ပရိသတ်တွေအတွက် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်တဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ စီးဂိမ်းအကြိုလှုံ့ဆော်ပွဲအနေနဲ့ လာရောက်ဖျော်ဖြေတာဖြစ်သလို နှစ်နိုင်ငံ ချစ်ကြညရင်းနှီးမှု ပိုမိုခိုင်မြဲစေ ဖို့နဲ့ နှစ်နိုင်ငံကြား ဂီတအနုပညာ ဖျော်ဖြေမှု ဖလှယ်ခြင်းလည်း ဖြစ်တယ်လို့Carabao ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး က အောက် တို ဘာလ ၂၁ ရက်နေ့ မနက်မှာကျင်းပပြုလုပ်တဲ့ စာနယ်ဇင်းရှင်းပွဲမှာ ပြောပါတယ်။

"ဒီအဖွဲ့ကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချူပ်ဥက္ကဌ ဦးမောင်မောင်လွင်ရဲ့ ပုဂိုလ်ရေးရာ ရင်းနှီးမှုနဲADMA မီဒီယာအဖွဲ့ရဲ့ ပေါင်းစပ် ပါဝင်ဆောင်ရွက်မှုကြောင့် ၂၇ ကြိမ်မြှောက် အရှေ့တောငအားကစားပြိုင်ပွဲရဲ့ အကြိုလှုံ့ဆော်မှု အ တွက် ရွေးချယ်ဖိတ်ခေါ် ခြင်းဖြစ်ပါတယ်" လို့ ဒီအဖွဲ့ကိုဖိတ်ကြားဖြစ်ခဲ့တဲ့အကြောင်းကို အားကစားဝန်ကြီးဌာနရဲ့ အုပ်ချူပ်ရေးမှူးဖြစ်တဲ့ ဦးကျော်ဆန်းဦး
က ပြောပါတယ်။

၂၇ ကြိမ်မြောက် စီးဂိမ်းအောင်မြင်စွာကျင်းပနိုင်ရေးအတွက် Carabao ဖောင်ဒေးရှင်းက ဒီလိလာရောက်ဖျော်ဖြေစရိတ်တွေ အ  ကုန်အကျခံရုံတင်မက ရန်ပုံငွေအနေနဲ့လည်း ကျပ်သိန်းပေါင်း၃၂၀ ကို လှူဒါန်းမှာဖြစ်ပါတယ်။

Carabao တေးဂီတအဖွဲ့ကတော့ ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက်ရာ့(ခ်) တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ အခြား အာရှနိုင်ငံတစ်ချို့မှာ အောင်မြင်မှုတွေရရှိတဲ့အဖွဲ့ဖြစ်ပါတယ်။ ထိုင်း မြန်မာ နယ်စပ် ဒေသက ရှမ်း၊ ကရင်စတဲ့ တိုင်းရင်းသားတွေအကြားမှာလည်း အောင်မြင်မှုရရှိနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့လည်း သိရသလို ဒီအဖွဲ့ကို မြန်မာပရိ
သတ်တွေ အဓိက သတိထားမိခဲ့တာကတော့ ၁၉၉၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးစပ်ခဲ့တဲ့ တေးသီချင်းကြောင့်လို့လည်း သိရပါတယ်။

မြန်မာတိုင်း(မ်း)

No comments:

Post a Comment