address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, October 22, 2013

ယခင်အစိုးရလက်ထက်က သိမ်းခဲ့သည့် သေနတ်များ ပြန်ပေးမည် မဟုတ်

22.10.2013

 နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးဆောင်ရွက်နေဆဲကာလဖြစ် သည့်အတွက် ယခင်အစိုးရလက် ထက်တွင်သိမ်းဆည်းခဲ့သည့် နိုင်ငံ တစ်ဝန်း လိုင်စင်ဖြင့် ကိုင်ဆောင် ခဲ့သော သေနတ်များကို ပြန် လည် ပေးအပ်မည်မ ဟုတ်ကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်း က ပြောသည်။

်အောက်တိုဘာ ၂၁ရက် တွင်ကျင်းပခဲ့သည့် ပြည်သူ့လွှတ် တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၁ရက်မြောက်နေ့တွင် အမရပူ ရမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းထွန်းဦး၏ နိုင်ငံ တော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက် ရေး အဖွဲ့ အစိုးရ လက်ထက်တွင် သိမ်းဆည်းခဲ့သော နိုင်ငံ တစ်ဝန်း လိုင်စင်ဖြင့်ကိုင်ဆောင်ခဲ့သည့် သေနတ်များအား မူလပိုင်ရှင် များ (သို့) အမွေဆက်ခံခွင့်ရှိသူများ အား ပြန်လည်ပေး အပ်ရန်အစီ အစဉ်ရှိမရှိမေးခွန်းနှင့်စပ်လျဉ်း ၍ ပြန်လည်ဖြေ ကြားခဲ့ ခြင်းဖြစ် သည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က''နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးက နိုင်ငံရဲ့ အဓိက အချက်ဖြစ်ပြီး အေးချမ်းသာယာ ရေးနှင့် နိုင်ငံတော်ငြိမ်ဝပ် ပိပြား ရေးတည်ဆောက် နေပြီး တည်ဆောက်မှုပြီးစီးသည့်အချိန်အထိ သိမ်းဆည်း သွားမည်ဖြစ်ကြောင်း'' ပြန်လည် ဖြေကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး နှင့် တည်ငြိမ်အေးချမ်းရေးကို တည် ဆောက်နေ သည့် အစိုးရမှ နယ် မြေလုံခြုံရေး တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုး မိုးရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းနိုင် ရန်အလို့ငှာ ယခင် အစိုးရလက် ထက်တွင် နိုင်ငံတစ်ဝန်းလုံးရှိ ဒေသ ဆိုင်ရာလုံခြုံရေးအခြေအ နေအရ ပြည်ထဲရေးဝန်ကြီးဌာန သည် လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ် ဖြင့်ဖြစ်စေ၊ ကိုင်ဆောင်ခွင့်ပြုခဲ့ပြီး သေနတ် ကိုင်ဆောင်ခွင့်ပြုထား သည့် မည်သူ့ကိုမဆို ကိုင်ဆောင် ခဲ့သည့်သေနတ်နှင့် ခဲယမ်းများကို သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ် ဖွဲ့မှအပ်နှံသိမ်းဆည်းခဲ့သည့် လက် နက်များကို နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားရေးနှင့် တည်ငြိမ်အေးချမ်းရေး ကို တည်ဆောက်နေသည့်ကာလ ဖြစ်သည့်အတွက် ဒေသဆိုင် ရာ လုံခြုံရေးများကြောင့် ပြန်လည်ပေး အပ်သွားမည်မဟုတ်ဘဲ တည်ငြိမ် အေးချမ်းရေးတည်ဆောက်ပြီး သည့်အချိန်အထိ သိမ်းဆည်းသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

ဝါရင့်နိုင်ငံရေးသမား ဦးရန် ကျော်က ''လက်နက်ကိုင်ဆောင် ခွင့်ကသိမ်းခဲ့တာကြာပါပြီ။ နှစ် ပေါင်းသုံး လေးဆယ်လောက်လဲ ကြာခဲ့ပြီဖြစ်တဲ့အပြင် ယခုလက် ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အရဆိုရင် လက်နက်တွေကို ပြန် လည်ကိုင် ခွင့်သာ ပြုလိုက်မယ်ဆို ရင် မိမိကိုယ်ကိုယ် ကာကွယ်ခြင်း ထက် မထိန်းသိမ်းနိုင်ရင် တအား အန္တရာယ်များပါတယ်။ ကျွန်တော် ရဲ့သဘောဆန္ဒအရဆိုရင် အခု လုံးဝကိုင်ဆောင်ခွင့်မပြုတာ အ ကောင်းဆုံးပါ''ဟု ပြောသည်။

ယင်းက ဆက်လက်၍လက် နက်ကိုင်ဆောင်ခွင့်ကို တားမြစ် ခဲ့သည့်မှာလည်း အချိန်ကြာမြင့် ခဲ့ပြီဖြစ်သည့်အတွက် ယခုလက် ရှိအခြေအနေအရရော၊ နောင် တွင် ဖွံ့ဖြိုးလာမည့်နိုင်ငံအခြေအ နေအရပါ လုံးဝပေးမကိုင်သင့် ကြောင်း ယင်းအမြင် ကိုဆိုသည်။

Yangon Media Group

No comments:

Post a Comment