address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 18, 2013

ထိုင်းနိုင်ငံမှ ဗီဇာသက်တမ်းကုန်သည့်မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်ဆက်လက်ရရှိမည်

18.10.2013

်မြန်မာ-ထိုင်းနှစ်နိုင်ငံသဘောတူညီမှုအရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသောမြန်မာ အလုပ်သမားများအား ဗီဇာသက်တမ်းတိုးမြှင့်ပေးမည်ဖြစ်သောကြောင့် အလုပ်အကိုင်အခွင့် အလမ်းများဆက်လက်ရရှိမည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ကိုနောင်နောင် ကပြောသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများအနေဖြင့် ဗီဇာသက် တမ်းလေးနှစ်ပြည့်သော် လည်း အလုပ်ဆက်လက်လုပ်ကိုင်ခွင့်ရရန် မြန်မာနှင့်ထိုင်းအလုပ် သမားရေး ရာ ဆွေးနွေးညှိနှိုင်းမှု များပြု  လုပ်ခဲ့ကြောင်း၊ မြန်မာအလုပ်သမားများ အလုပ်ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် နယ်စပ်မြို့များ၌ One Stop Service Centre ဖွင့်လှစ်ပေးရန်ရှိကြောင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

““အခုလိုသက်တမ်းလေးနှစ်ဗီဇာပြည့်နေတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိဖို့ သက်ဆိုင်ရာကဏ္ဍတွေအလိုက် ဆွေးနွေးညှိနှိုင်းပြီးအဆင့်ဆင့် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ ဗီဇာ သက်တမ်းပြည့်တဲ့သူတွေကို One Stop Service တွေကနေတစ်ဆင့် ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်ခွင့်ရအောင်
ပြန်လုပ်ပေးမယ်လို့သိရပါတယ်။ ဒါကတော့ ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေရဲ့အခက်အခဲတွေကို နှစ်နိုင်ငံညှိနှိုင်းပြီး ဖြေရှင်းပေးတဲ့သဘောဖြစ်ပါတယ်””ဟု ၎င်းင်းက ပြောသည်။

ပြည်ဝင်ဗီဇာ လေးနှစ်ပြည့်အလုပ်သမားများအတွက် မြ၀တီ-မဲဆောက်၊ မယ်ဆိုင်-တာချီလိတ် နှင့် အခြား နယ် စပ်မြို့များ၌ One Stop Service Centre များဖွင့်လှစ်ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း၊ ယင်းသို့ဆောင် ရွက်ပေးမှုကြောင့် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်နေသော ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်၏ အခက်အခဲများပြေလည်သွားနိုင် ကြောင်း သိရသည်။


The Union Daily

No comments:

Post a Comment