address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 14, 2013

အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ


14.10.2013

အလုံမြို့နယ်ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည်စားပွဲခုံများအားသန့်ရှင်းရေးဆောင်ရွက်စဉ်စားပွဲခုံအမှတ်(၁၉)၏အောက်တွင်အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား
ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment