address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 14, 2013

မြန်မာရွှေ့ပြောင်းလုပ်သားများဟု ယူဆရသူ ၁၃ ဦး၏ အလောင်းများအား ထိုင်းရေတပ် တွေ့ရှိ

14.10.2013

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများဟု ယူဆထားသူ ၁၃ ဦး၏ ရုပ်အလောင်းများအား ကပ္ပလီပင်လယ်ကမ်းခြေတောင်ပိုင်းတွင် တွေ့ရှိခဲ့ရသည်ဟု ထိုင်းရေတပ်မတော် မှ ရဲအရာရှိတစ်ဦးက လွန်ခဲ့သော တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။


ကပ္ပလီပင်လယ်ကမ်းခြေတွင် တွေ့ရှိခဲ့သော ရုပ်အလောင်းများမှာ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများဖြစ်ပြီး ၎င်းတို့မှာ ရာသီဥတုဆိုးရွားသည့် ယခုသီတင်းပတ်ဗုဒ္ဓဟူးနေ့တွင် လှေမှောက်ကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ယူဆကြောင်း ဘန်ကောက်မြို့ တောင်ပိုင်း ကီလိုမီတာ ၅၈၀ အကွာရှိ ရနောင်းခရိုင်မှ ရေတပ်ရဲအရာရှိတစ်ဦးဖြစ်သူ Nirat #Chuayjit က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ ထောင်နှင့်ချီသော အလုပ်သမားများမှာ လုပ်ခလစာနည်းပါးသည့် အလုပ်ကြမ်းများအား လုပ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။ ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၏ တင်းကျပ်သည့် ဥပဒေများအောက်တွင် တရားဝင် အလုပ်လုပ်ကိုင်နိုင်သော်လည်း အများစုမှာ တရားမ၀င် အလုပ်လုပ်ကိုင်လျက်ရှိသည်။

လှေအတွင်း စီးနှင်းလိုက်ပါလာသည့် အရေအတွက်နှင့် အသက်ရှင်ကျန်ရစ်သူ အရေအတွက်အား မသိရသေးဘဲ၊ သာမန်အားဖြင့် လှေများတွင် လူ ၃၀ ၀န်းကျင် လိုက်ပါလေ့ရှိသည်ဟုလည်း Nirat က ဆို သည်။

ထို့အပြင် အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ကြုံတွေ့ရမည့် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများအား ကြောက်ရွံ့ကာ ထိုင်းအာဏာပိုင်များကို ဆက်သွယ်နိုင်ချေမရှိဟုလည်း Nirat က ထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံသို့ ရေလမ်းမှ တရားမ၀င်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်သူများမှာ ထိုင်းနိုင်ငံအတွင်း မိုးရာသီတွင်သာ ၀င်ရောက်ရန် ကြိုးပမ်းလေ့ရှိသည်။ ထိုသို့ ၀င်ရောက်ခြင်းသည် ထိုင်းရေ တပ်မတော်အနေဖြင့် မိုးရာသီ မုန်တိုင်းကျရောက်နေသည့် အချိန်များတွင် လှည့်လည် ကင်းစောင့်ခြင်းအား ပုံမှန် မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း Nirat က ပြောကြားလိုက်သည်။

Mizzima - News in Burmese

No comments:

Post a Comment