address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 20, 2013

ဗုံးဖေါက်ခွဲခြင်းသည် နိုင်ငံခြားရင်းနှီးမြူပ်နှုံသူများကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်း ပြော

20.10.2013

ဗုံးပေါက်ကွဲမှုများသည် တိုင်းရင်းသားဒေသများ၌ အလုပ်လာလုပ်မည့် နိုင်ငံခြားရင်းနှီးမြူပ်နှံ သူများကို ခြိမ်းခြောက်လို၍ ဖြစ်သည်ဟု သုံးသပ်ရကြောင်း ရဲချုပ် ဇော်ဝင်းက ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားလုပ်ငန်းစုများနှင့် အပြိုင် ၀င်ရောက်လုပ်ကိုင်လာမည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ခြိမ်းခြောက်သည့် အနေဖြင့် ဗုံးခွဲမှုများကို ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရပြီး ကရင်ပြည်နယ်တွင် ရွှေတူးဖေါ်ရေးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သူ ဦးမြဖူးဟူသော ပုဂ္ဂိုလ်လည်းပါဝင် ပတ်သက်နေသည်ဟု ၄င်းက ဆိုသည် ။

"ဖမ်းဆီးထားတဲ့ စောမြင့်လွင်ကို စစ်ဆေးချက်အရ စောနေတိုးက သူ့ကို ငွေပေးတယ်။ ဖောက်ခွဲနည်းသင်ပေးတယ်။ ဘယ်နေရာတွေမှာ ဖောက်ခွဲရမလဲ ညွန်ကြားတယ်။ စောနေတိုးဟာ ကေအန်ယူရဲ့ စီးပွားရေးလုပ်တဲ့ အုပ်စုတစ်ခုရဲ့ အဖွဲ့ဝင်ပါ " ဟု ရဲချုပ် ဇော်ဝင်းကပြောသည်။

သို့ရာတွင် ယခုလုပ်ရပ်သည် ကေအဲန်ယူ၏လုပ်ရပ် မဟုတ်ဘဲ ကေအဲန်ယူနှင့် ဆက်နွယ်သော စီးပွားရေးအုပ်စုတစ်ခု၏ လုပ်ရပ်သာ ဖြစ်ကာ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက် သဘောတူညီထားပြီး ဖြစ်သည်ဟု ပြန်ကြားရေး ဒုဝန်ကြီးက ပြောသည်။

"ကေအဲန်ယူဟာ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ ပထမဆုံး အဖွဲ့အစည်း တစ်ခုပါ ။လက်မှတ်ထိုးပြီးနောက်ပိုင်း သူတို့ ရှိတဲ့ ကရင် ၊မွန်၊ ပဲခူး နဲ့ တနင်္သာရီ ဒေသတွေမှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့တာကို ကြည့်ရင် သူတို့က ဒါကို လုပ်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး "ဟု ဦးရဲထွဠ်က ပြောသည် ။

Popular Myanmar News Journal

No comments:

Post a Comment