address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 3, 2013

မြန်မာ့တပ်မတော်ကို ဗြိတိန်က သင်တန်းပေးမယ်

                       ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ

3.10.2013

မြန်မာ့တပ်မတော်ကို ဗြိတိန်က နိုင်ငံက သင်တန်းတွေ ပေးတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အရာရှိကြီး ၃၀ ကို တရား ဥပဒေ စိုးမိုးမှုမှာ တပ်မတော်က ဘယ်လို နေရာက ရှိရမယ်ဆိုတဲ့ သင်တန်းဖြစ်တယ်လို့ ဗြိတိန်ရဲ့ သင်တန်းကျောင်း အ ကြီးအကဲက ပြောပါတယ်။ 


ဒီအစီအစဉ်ဟာ ကနဦး ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် မြန်မာနိုင်ငံကိုလာပြီး ကမ်းလှမ်းပြောဆိုမှုတွေ လုပ်ပြီး နောက် ပြီးခဲ့တဲ့ ဇူလှိုင်လတုန်းက သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်းက သဘောတူညီမှု ယူခဲ့တာပါ။

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိဂ်ကပြောတာမှာတော့ ဗြိတိန်အနေနဲ့ မြန်မာစစ်တပ်ကို ထိတွေ့ ဆက်ဆံမှု တွေ လုပ် မှာဖြစ်ပြီး အခုထိလည်း အရပ်သား အစိုးရအပေါ် တစုံတရာလွှမ်းမိုးမှုရှိတယ် ဆိုတဲ့ မြန်မာစစ်တပ်ကို လူ့အခွင့် အရေး ကိုလေးစားတဲ့ တပ်မတော်ဖြစ်ရေး ရည်မှန်းချက်ထားတာလို့ ဆိုပါတယ်။

ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်နဲ့ Cranfield University တို့ပူးတွဲပြီး မြန်မာတပ်မတော်အရာရှိကြီး ၃၀ ကို လာမယ့်နှစ် ဇန်န၀ါရီလက စပြီး သင်တန်းပေးမှုတွေ စတင်မှာဖြစ်ပါတယ်။

Cranfield University က တာဝန်ရှိသူတဦးဖြစ်တဲ့ Laura Cleary က ဧရာဝတီကို ပြောတာမှာတော့ အခု အစီအစဉ် ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့တာပါတဲ့။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးမှုတွေ ဗြိတိန် အနေနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့တာကို ဗြိတိန်အစိုးရက သီးခြား သင်တန်းတခုအနေနဲ့ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ Laura Cleary က ဆိုပါတယ်။

ဧရာဝတီ

No comments:

Post a Comment