မေး - အခုထွက်နေတဲ့ သတင်းတွေအရ
ဖမ်းမမိသေးဘဲ လွတ်နေတဲ့ သူတွေဟာ KNU ထိန်းချုပ် နယ်မြေထဲကို
ရောက်သွားတဲ့အတွက် ဖမ်းဖို့ခက်နေတယ်လို့ ပြောပါတယ်။ ဒီသတင်းတွေက
အမှန်ပဲလားဗျ။
ဖြေ-ပြစ်မှုကျူးလွန်တယ်လို့ ယူဆတဲ့သူတွေကို
ဖမ်းလို့မရဘဲနဲ့ KNU လို့ စွပ်စွဲတာကတော့ သိပ်သဘာဝ မကျဘူးလေ။
တွေ့ဆုံဆွေးနွေးကာလ သော်လည်းကောင်း၊ အပစ်အခတ် ရပ်စဲရေး ကာလမှာသော်
လည်းကောင်း ဖြစ်လာတဲ့ ပြဿနာအသီးသီးကို အစိုးရဘက်ရော၊ KNU ကရင်အမျိုးသား
အစည်းအရုံးဘက်ရော ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စကို နဂိုက သဘောတူထားတာ
ရှိပါတယ်။
မေး - KNU ထိန်းချုပ် နယ်မြေထဲမှာ လွတ်နေတဲ့သူတွေ အမှန်တကယ် ရှိနေမယ်ဆိုရင် ဘယ်လိုဆောင်ရွက် သွားမလဲ။
ဖြေ-အကယ်၍သာ ဟုတ်မယ်ဆိုလို့ ရှိရင်တော့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့
ကနေပြီး ခေါ်ယူ စစ်ဆေးမှာပါ။ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်မယ်။ အရေးမယူ
မဆောင်ရွက်ဘူးဆိုတဲ့ ဟာမျိုးကိုတော့ မပြောချင်ဘူး။ အကယ်၍
ရှောင်နေတိမ်းနေတဲ့ သူတွေကို ဘယ်သူဘယ်ဝါ မျိုးတွေလဲဆိုတာ ကျွန်တော်တို့
အမှန်တကယ် သူတို့နဲ့ တွေ့ဆုံပြီးမှ၊ တွေ့နိုင်မှ ပြောလို့ရမယ်။
မေး - အစိုးရနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး KNU ထဲမှာလည်း
သဘောထား ကွဲနေတဲ့သူတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီသဘောထား
ကွဲမှုတွေကြောင့် အခုလို ကိစ္စတွေကို ဖြစ်လာစေတယ်လို့ ယူဆပါသလား။
ဖြေ - အဲဒီအဆင့် အထိတော့ မရှိနိုင်ဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့က ယခင်က ပြောတဲ့အတိုင်းပဲလေ။ အချင်းချင်းကြား မတူတာကတော့ သံသယ
ရှိစရာ မလိုပါဘူး။ ဓမ္မဓိဋ္ဌာန် ကျပါတယ်။ သို့သော်လည်း ကျွန်တော်တို့က
အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ အဖွဲ့အစည်းရဲ့ ဦးစီးဦးဆောင်မှုနဲ့ပဲ
ဆောင်ရွက်သွားတာကို အောက်ခြေ အဆင့်အထိတော့ လက်ခံနေကြတာပါပဲ။
တချို့ကာကယံရှင်တွေ ပြောတာကတော့ ဖြစ်နိုင်ဖွယ်ရှိမယ်။ သို့သော်လည်း
ကျွန်တော်တို့ အနေနဲ့ အဲဒီလိုမျိုး မမြင်ဘူးခင်ဗျ။ အဲဒါတွေကတော့ လူပုဂ္ဂိုလ်
တစ်ဦးတစ်ယောက်ရဲ့ ယူဆချက်တွေပဲ ဖြစ်နိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့က
ဗဟိုဆုံးဖြတ်ချက်နဲ့ နောက်အခြေခံ လုပ်ငန်းစဉ်တွေမှာလည်း တွေ့ဆုံဆွေးနွေးရေး
ဖြစ်လာတဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ဆိုတာကတော့
အဖွဲ့အစည်း တစ်ခုလုံးမှာ ချထားတဲ့ဆုံး ဖြတ်ချက်ပါ။
မေး - လောလောဆယ် အခြေအနေမှာ အစိုးရက KNU ကို တရားဝင် ဆက်သွယ် အကြောင်းကြားတာမျိုး ရှိပါသလား။
ဖြေ-အစိုးရပိုင်းက အကြောင်းကြားတာမျိုး မရှိသေးဘူးခင်ဗျ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်အခါ ကာလမှာ
ဧရိယာအတွင်းမှာ ကျွန်တော်တို့ သွားလာတာမျိုးတွေ၊ တပ်မတော်နဲ့ အနှောင့်အယှက်
ဖြစ်မယ့်ကိစ္စတွေ ဆိုလို့ရှိရင် သူတို့တိုင်ကြားစာတွေ၊ သတိပေးစာတွေ၊
ဒါတွေကိုတော့ သူတို့အချိန်မီ ပေးတာတွေ ရှိတယ်။ အခုချိန်ထိတော့ သူတို့ဘက်က
အကြောင်းကြားတာကို လက်ခံရရှိသေးတာ မရှိသေးဘူး။
ကျွန်တော်တို့က
ဗဟိုအဆင့်တွေနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ အနေအထားတော့ရှိတယ်။ အကြောင်းတ
စ်စုံတစ်ရာ ရှိရင်တော့ ဒါကိုတ ရားဝင် သော်လည်းကောင်း ဆက်သွယ်လိမ့်မယ်လို့
ကျွန်တော်တို့ ယုံကြည်တယ်။ အခုလိုမျိုး အဆက်အသွယ် မရှိဘဲနဲ့ စစ်ဆေးချက်အရ
ဖြစ်ပေါ်လာတာကိုတော့ ကျွန်တော်တို့က အတိအကျ မပြောနိုင်သေးဘူးခင်ဗျ။
အခုဖမ်းမိတဲ့ ကိစ္စကို သော်လည်းကောင်း၊ ရဲက စစ်ဆေးချက်ကို သော်လည်းကောင်း
သံသယရှိနေတဲ့ သူသော်လည်းကောင်း ပေါ့လေ။ ကာယကံရှင် အထူးသဖြင့်ပေါ့လေ။
တပ်မဟာ-၅ ကိုစွပ်စွဲတာမျိုးတွေ ပါပါတယ်။ တပ်မဟာ-၅ က ရှင်းလင်းချက်တွေလည်း
ထုတ်ထားပါတယ်။ အဲဒါကို တွေ့လိုက်မယ် ဆိုရင် ပိုရှင်းသွားမှာပါ။
Eleven Media Group
No comments:
Post a Comment