address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 20, 2013

ဗုံးဖာက်ခွဲသူများ ရွှေတီဂုံတီတော်ကိုဖောက်ခွဲရန် အစီစဉ်ရှိခဲ့ဟု KNUဆို


20.10.2013

ရန်ကုန်မြို့နှင့်အခြားမြို့ကြီးများတွင်ရက်ဆက်ဗုံးဖောက်ခွဲသူများသည်ရွှေတီဂုံစေတီတော်မြတ်ကို ပါ ဖောက်ခွဲရန် အစီအစဉ်ရှိခဲ့ကြောင်း KNUအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပသော ဗုံးပေါက် မှုနှင့် ပတ်သတ်ပြီး KNUဘက်မှ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။
ယင်းဖောက်ခွဲရေးသမားများသည် ရွှေတိဂုံစေတီတော်မြတ်ကို ပြီးခဲ့သည်အောက်တိုဘာ၁၆ရက် နေ့(ဘာသာရေးနေ့) တွင် ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း ဖောက်ခွဲ ရေးသမားသည် မဖောက် ခွဲဖြစ်ခဲ့ကြောင်း။ဖောက်ခွဲရေးသမားများ သည် ဘာသာရေးအဆောက်အအုံများကို အဓိကထား ဖောက်ခွဲရန်ပစ်မှတ်ထားပြီး နိုင်ငံရေးတည်ငြိမ်မှုကို ပျက် ပြားအောင် ပြုလုပ်လိုကြောင်း ပဒိုမန်း ငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုများတွင် တရားခံဟုယူဆပြီး ဖမ်းဆီးထားသော စောမင်းနွယ်နှင့် KNUအဖွဲ့ ဝင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

ရက်ဆက် ဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်နစ်နာသူများအတွက် KNUအဖွဲ့ဝင် အချို့သွယ်ဝိုက် ပတ် သတ်မှု ရှိသဖြင့် တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင် က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီးဘုရားများကို ဖောက်ခွဲရန် အစီအစဉ်များရှိကြောင်း ဖမ်းဆီး ခံရသူ နှင့် ညှိုနှိုင်းဆွေးနွေးစဉ် သိခဲ့ရကြောင်း ၎င်းကရှင်းလင်းပြောကြားသည်။

E006

People power

No comments:

Post a Comment