address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, November 19, 2013

ဆီးဂိမ်း ဖွင့်/ပိတ်ပွဲ ပြည်သူကို လက်မှတ် ၁ သောင်းသာ ရောင်းပေးမည်




19.11.2013

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း ပိတ်ပွဲနဲ့ ဖွင့်ပွဲ ပြုလုပ်မယ့် နေပြည်တော် ၀ဏ္ဏသိန္ဒိ အားကစားကွင်းဟာ စုစုပေါင်း လူ ၃ သောင်းလောက် ဆန့်ပေမယ့် ခုံပေါင်း ၁ သောင်းအတွက် လက်မှတ် ၁ သောင်းပဲ ပြည်သူကို ရောင်းပေးနိုင်မယ်လို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီက ဒီနေ့ ကြေညာပါတယ်။

sea gamesစင်မြင့်၊ အသံပိုင်းဆိုင်ရာနဲ့ မီးပိုင်းဆိုင်ရာအတွက် ၃ ပုံ ၁ ပုံလောက် အသုံးပြုရခြင်း၊ နောက်ထပ် ၃ ပုံ ၁ ပုံကို နိုင်ငံတကာ တာဝန်ရှိသူတွေ၊ အားကစားပွဲလာတဲ့ နိုင်ငံတကာက ဖိတ်ကြားထားသူတွေနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေအတွက် ဖယ်ထားတာမို့ ပြည်သူကို ၁ သောင်းသာ ရောင်းပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီအတွက် ပြည်သူတွေကိုတော့ မှတ်ပုံတင်ပြပြီး ၁ ယောက်ကို ၁ စောင်နှုန်း၊ ဌာနဆိုင်ရာတွေအနေနဲ့ကတော့ သက်ဆိုင်ရာ အထောက်အထားပြပြီး ၁ ယောက်ကို ၁၀ စောင်နှုန်း အမြန် ၀ယ်ယူကြဖို့နဲ့ ထိုင်ခုံအပြည့် မရောင်းပေးနိုင်တာကို နားလည်ပေးကြဖို့ နှိုးဆော်ထားကြောင်း သတင်းရရှိပါတယ်။

DVB

No comments:

Post a Comment