address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 14, 2013

အခြေခံဥပဒေနှင့် ပတ်သက်သည့် လူထုဆန္ဒကောက်ယူမှု သတ်မှတ်ရက်ထက် ရက်၂၀စောပြီးရန်စီစဉ်

14.10.2013

NLD ပါတီမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသစ်ပြန်လည်ရေးဆွဲရန် (သို့မဟုတ်) ပြင်ဆင်ရန် လူထုဆန္ဒကောက်ခံမှုကို ယခင်က နိုဝင်ဘာလအကုန် အပြီးလုပ်ရန် သတ်မှတ်ထားရာမှ နိုဝင်ဘာလ ၁၀ ရက်အပြီး ကောက်ယူရန် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မကွေးတိုင်း လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌဦးနေမျိုးကျော် က မဇ္ဈိမကိုပြောသည်။


“ပြည်သူ့လွှတ်တော် အခြေခံဥပဒေ လေ့လာရေး ၁၀၉ ဦး ကော်မတီအဖွဲ့ကနေ NLD ကိုစာထွက်တယ်။ အခြေခံ ဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ၁၅ ရက်အပြီး တင်ပါဆိုလို့ ကျွန်တော်တို့ မြို့နယ် တွေကို နိုဝင်ဘာ ၁၀ ရက်အပြီးလုပ်ရတာပါ” ဟု ဦးနေမျိုးကျော်က ပြောသည်။

ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပြည်သူ့ထံမှရယူထားသည့် သဘောဆန္ဒများ ပါဝင်သော အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်ရှိ “ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ” ထံ ဒီဇင်ဘာ နောက်ဆုံးထားကာ တင်သွင်းရမည်ဟု သတ်မှတ်ထားရာမှ နိုဝင်ဘာ ၁၅ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီပါတီမှ အခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောမှုများ၊ သဘောထားကောက်ခံမှုများကို အောက်တိုဘာလမှစတင်ကာ တစ်နိုင်ငံလုံးရှိမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မတိုင်ခင် #NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပွဲများကို NLD မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှ ခေါင်းဆောင်ခုနစ်ဦးက ပြည်နယ်နှင့် တိုင်းနှစ်ခုစီ တာဝန်ခွဲယူကာ လုပ်ဆောင်မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment