address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Thursday, October 10, 2013

ဒေါ်နော်အုန်းလှရဲ့ သဘောထားရပ်တည်ချက်နဲ့ အမှုသဘောသဘာဝ

10.10.2013

နော်အုန်းလှနဲ့အယူခံကိစ္စအတွက်မန္တလေးအကျဉ်းထောင်ကို သွားရောက်ထောင်ဝင်စာတွေ့ခဲ့ကြတဲ့ DPW အဖွဲ့မှ မသန္တာ၊ မရှမ်းမ၊ မချိုတို့နဲ့အတူ နော်အုန်းလှကို ၁ နာရီနီးပါးတွေ့ခွင့်ကို ထောင်အာဏာပိုင်များက ခွင့်ပြုပေး ခဲ့ လို့ အေးအးဆေးဆေး တွေ့ခွင့်ရပါတယ်။

နော်အုန်းလှကတော့ ...

(၁) မြန်မာနိုင်ငံတရားစီရင်ရေးစနစ်ဟာ အပြစ်ပေးရေးကိုသာ ဦးတည်ကြောင်း၊

(၂) သူကိုယ်တိုင် တရားရုံးတွင်မေးတဲ့ မေးခွန်းတွေကို မှတ်တမ်းမတင်ပေးတာကတကြောင်း၊

(၃) ညနေ ၃ နာရီခွဲလောက်မှာ ဖမ်းပြီး ၄ နာရီခွဲခါနီးမှာ ထောင်တန်းပို့ပြီး မည်သည့်စစ်ချက်မှမယူဘဲ တရားစွဲကြောင်း၊

(၄) ပုဒ်မ ၅၀၅ (ခ) တွင်အလုပ်နဲ့ထောင်ဒဏ်ချရမည်ဟု ပြဋ္ဌာန်းခြင်းမရှိပါဘဲ မုံရွာမြို့နယ်တရားသူကြီး ဦခင်မောင်ဝင်းက သူ့သဘောနဲ့သူ အလုပ်ကိုပါထည့်ချထားကြောင်း၊

(၅) ဒီမိုကရေစီပါလို့ အပြင်မှာကြွေးကြော်နေချိန်မှာအရင်၂၀၀၉ ခုနှစ်ကလိုပဲ လုပ်ချင်ရာလုပ်နေကြောင်း စသည့် အချက် များကြောင့် အယူခံဝင်ခြင်းကိုလည်း ယုံကြည်မှုမရှိကြောင်း ပြောဆိုလိုက်ပါတယ်။ အယူခံလည်းအပိုပဲဖြစ်လို့ အယူမခံဘူးဆိုပြီး ရှေ့နေပါဝါစာမှာ လက်မှတ်ထိုးမပေးခဲ့ပါ။

ဥပဒေရှုထောင့်မှကြည့်သော်

ဒီလို အပြစ်ပေးခံရသူက အယူခံမဝင်လည်းအမိန့်ဟာ ဥပဒေနဲ့ညီမညီ ခရိုင်တရားရုံးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်တို့က စိစစ်င်္ပြီး ဥပဒေနဲ့မညီရင် ပြင်ဆင်မှု (က) ဆိုတာ ဖွင့်ပြီးပြင်ဆင်ရပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ မူရင်းပုဒ်မအရ အလုပ်မပါတဲ့ပြဋ္ဌာန်းချက်ကို မလိုက်နာဘဲ အလုပ်ထည့်ပြီး အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချတာဟာ ဥပဒေကို ပုဂ္ဂိုလ်အပေါ် အစွဲပြုချမှတ်ရာရောက်ပြီး တရားသူကြီးက လွှတ်တော်၏လုပ်ပိုင်ခွင့်ကို အသုံးပြုရာရောက်တဲ့အပြင် တရားမျှတမှုကိုလည်း ထိခိုက်ရ၊ အစိုးရရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေရလို့ပါ။ အခုတော့ ခရိုင်နှင့်တိုင်း တရားသူကြီးတို့ကတော့ မည်သို့ဆက်လုပ်ပေးမည် မသိပါ။

Yamoun Nar

No comments:

Post a Comment