address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 18, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် ဘာသာခြားများ ဝတ်ပြု ဆုတောင်းနိုင်ရန် အားကစားကျေးရွာ၌ စီစဉ်ပေးထား

18.10.2013

မြန်မာ နိုင်ငံ နေရာအနှံ့ ဖြစ်ပွားခဲ့သည့် ဘာသာရေး နှီးနွှယ်မှုပြဿနာ များကြောင့် ဒီဇင်ဘာလတွင် ဆီး ဂိမ်းပြိုင် ပွဲသို့ လာရောက်ယှဉ်ပြိုင် မည့် သက်ဆိုင်ရာနိုင်ငံများမှ အား ကစားသမားများနှင့် တာဝန်ရှိသူ များအတွက် လုံခြုံရေးကိုအထူး တလည် စီစဉ်ပေးထားကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် လာ ရောက်ယှဉ်ပြိုင်မည့် အားကစား သမားများနှင့် မြန်မာနိုင်ငံသို့လာ ရောက်အားပေးကြည့် ရှုမည့် ပရိ သတ်များ လုံခြုံရေးအတွက် လေ ဆိပ်ဝင်ပေါက်မှ ပြန်လည်ထွက် ခွာချိန်အထိ ပြည့်စုံသည့်စီမံမှု များ ပြုလုပ်သွားမည်ဖြစ်သည်။ထို့အပြင် ဒေသတွင်း နိုင်ငံ မှ ဘာသာခြားအားကစားသမား များနှင့် နည်းပြ/အုပ် ချုပ်အသင်း တာဝန်ရှိသူများအနေဖြင့် ဆီး ဂိမ်းပြိုင်ပွဲကာလတွင် မိမိကိုးကွယ် ယုံကြည်ရာဘာသာကို ရှိခိုးဆု တောင်းပေးနိုင်ရန် စီစဉ်ပေးထား ကြောင်း အားကစားဝန်ကြီးဌာန မှ သိရသည်။

အားကစားကျေးရွာတွင် လူမျိုးခြား၊ ဘာသာခြားများ အ ဆင်ပြေစွာ သက်ဝင်ယုံကြည်ရာ ကို ရှိခိုးဆုတောင်းနိုင်ရန် သက် ဆိုင်ရာ ဘာသာအလိုက် စီစဉ် ပေးထားကြောင်း၊ ယခင်ဆီးဂိမ်း ပြိုင်ပွဲများတွင်လည်း အိမ်ရှင်နိုင် ငံများ အနေဖြင့် ပြိုင်ပွဲဝင်နိုင်ငံ များအတွက် ဘာသာရေးဝတ်ပြု ဆုတောင်းနိုင်ရန် စီစဉ်ပေးခဲ့ခြင်း များရှိကြောင်း အားကစားဝန်ကြီး ဌာနမှသိရသည်။

်မြန်မာနိုင်ငံတွင် လေးနေ ရာခွဲကာ ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ လုံခြုံရေးအတွက် လုံခြုံရေးဆပ် ကော်မတီဖွဲ့စည်း ထားပြီး သက် ဆိုင်ရာဒေသများ၌ပြုလုပ်မည့် ပြိုင်ပွဲတိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဌာနမှ အနီးကပ်ကွပ်ကဲကြပ်မတ် သွားမည်ဟုလည်း သိရသည်။


Yangon Media Group

No comments:

Post a Comment