address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 18, 2013

ဗုံးခွဲတိုက်ခိုက်မှုများကို အမေရိကန်ပြည်ထောင်စုသံရုံးကရှုတ်ချ


18.10.2013

ယခုလ ၁ဝ ရက်မှ ၁၅ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တောင်ငူနှင့် ရန်ကုန်တိုင်းဒေသကြီး
တို့တွင်ဖြစ်ပွားခဲ့သော ကြံစည်လုပ်ဆောင်သည့် ဗုံးခွဲမှုများ နှင့် ဗုံးခွဲတိုက်ခိုက်မှုများကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာရှုတ်ချသည်။

ယခုလ ၁ဝ ရက်တွင် တောင်ငူမြို့၌ ဗုံးခွဲတိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့သူနှစ်ဦး၏ မိသားစုများကို ကျွန်ုပ်တို့ အနက်ရှိုင်းဆုံး
ဝမ်းနည်းစကားကမ်းလှမ်း၍ ရန်ကုန်မြို့ရှိ ထရေးဒါးဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျွန်ုပ်တို့၏နိုင်ငံသားအပါအဝင်၊ အခြားတိုက်ခိုက်မှုများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများ လျင်လျင်မြန်မြန်နှင့် အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန် အတွက် ဆုတောင်းအပ်ပါသည်။

လွန်ခဲ့သောရက်သတ္တပတ်အတွင်း ကြံစည်အားထုတ်ကာပြစ်မှုကျူးလွန်ခဲ့သကဲ့သို့သော အကြမ်းဖက်မှုလုပ်ရပ်များ သည် တိုးတက်ယဉ်ကျေးသော လူ့ အဖွဲ့အစည်းတွင် နေရာမရှိပါ။ ထိတ်လန့်ကြောက်ရွံ့စေသော ထိုကဲ့သို့ လုပ်ရပ်များကို အင်အား ကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အမျိုးသားငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ရင်ကြားစေ့ရေး တို့ကို ဆက်လက်လုပ်ဆောင် မှုတို့ဖြင့် ဤတိုင်းပြည်မှပြည်သူလူထုတို့သည် ရင်ဆိုင်ဖြေရှင်း နိုင်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်။

ဤပြည်ထောင်စုအစိုးရသည် သံသယရှိသူများကိုဖော်ထုတ်ပြီး ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်သဘောပေါ က်ပြီး လျှင် တရား ဥပဒေစိုးမိုးမှုအောက်၌ ထိုက်သင့်သောလုပ်ငန်းစဉ်အတိုင်း အလေးထားမှုအပြည့်ဖြင့် ရှေ့ဆက် လုပ်ဆောင်
သွားပါရန် အာဏာပိုင်များအား တိုက်တွန်းအပ်ပါသည်။

The Union Daily

No comments:

Post a Comment