ကရင်လူမျိုး စောမြင့်လွင်၊ ဗိုလ်နေတိုး နှင့် အပေါင်းအပါအချို့မှ မြန်မာနိုင်ငံတွင်းမြို့ကြီးမျာ
း
တွင် ဗုံးဖောက်ခွဲမှုများနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU မှ CEC
တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင် က ဗုံးဖောက်ခွဲမှုများအတွက် KNU တွင်
တာဝန်ရှိကြောင်း ပြောကြားလိုက်ပါတယ်။
KNU တပ်ဖွဲ့ဝင် ဟောင်း (သို့မဟုတ်)
လက်ရှိအဖွဲ့ဝင် ဟု ဝန်ခံထားသည့် တရားခံ များနှင့် ဗုံးကွဲမှုများနှင့်
ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ရေးအတွက် KNU တွင် တာဝန်ရှိပြီး အစိုးရက
ကမ်းလှမ်းပါက အပြစ်ရှိသူကို အရေးယူဆောင်ရွက်သွားမယ်လို့
ပဒိုမန်းငြိမ်းမောင် ကအခုလိုပြောပါတယ်။
"ဒီအဖြစ်မှန်ဖော်ထုတ်ရေးအတွက် ကျနော်တို့ KNU မှာလည်းတာဝန်ရှိတယ်လို့ KNU
ဗဟိုအနေနဲ့ သဘောထားတယ်။ ဒါကြောင့်မို့ တကယ်လို့ အစိုးရက
ကမ်းလှမ်းလာလို့ရှိရင် နိုင်ငံတော် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်ပြီးတော့ အပြစ်ရှိတဲ့သူကို အပြစ်ရှိတဲ့အလျောက် ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ ဒါ KNU ရဲ့ သဘောထားပဲဖြစ်ပါတယ်။" လို့ ပြောဆိုခဲ့ကြောင်း ဦးလှမောင်ရွှေရဲ့ Facebook တွင် ဖော်ပြချက်များအရ သိရပါတယ်။
KNU တွင် တပ်ဖွဲ့တွင်းတွင် ၂၀၁၂ နှစ်ကုန်ပိုင်က ပြဿနာကြီးများ
ပေါ်ပေါက်ခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအဝင်
ဗိုလ်ချုပ်ကြီးသုံးဦးအား ရာထူးမှဖယ်ရှားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး
နိုဝင်ဘာလမှ ပြန်လည်ခန့်ထားခဲ့ခြင်းဖြစ်သည်။
လက်တလောအားဖြင့် KNU သည် အစိုးရငြိမ်းချမ်းရေး အဖွဲ့နှင့် သာမက
စစ်တပ်ဦးစီးချုပ်နဲ့ပါ တွေ့ဆုံဆွေးနွေးထားပြီး KNU ခေါင်းဆောင်ပိုင်းများက
အစိုးရ နဲ့ပြေလည်မှုရရှိသော်လည်း KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်အချို့က
ခေါင်းဆောင်များအပေါ် မကျေနပ်တာကြောင့် အစိုးရနဲ့ KNU ငြိမ်းချမ်းရေး
ပျက်ပြားစေရန် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း လေ့လာသူ များက
သုံးသပ်က ပြောဆိုလျှက်ရှိပါတယ်။
ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊
စစ်ကိုင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး
ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသူ စောမြင့်လွင်အပါအဝင် ၃ ဦးကို
ဖမ်းဆီးရမိထားကာ စောနေတိုးနှင့် စောထွန်းထွန်း တို့မှာ အဓိကတရားခံများ
ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ အဆိုပါ အကြမ်းဖက် ဖောက်ခွဲရေး
သမားများနှင့် ပတ်သက်၍ လှုပ်ရှားသတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့
ပြည်သူလူထု တစ်ရပ်လုံးမှ ၀ိုင်းဝန်းကူညီသော အားဖြင့် သတင်းပေးပို့ကြရန်
အစိုးရမှ သတင်းထုတ်ပြန် ထားပါတယ်။
King Kaung
No comments:
Post a Comment