3.10.2013
ကရင်အမျိုးသား တစ်ရပ်လုံး ပါဝင်သော ညီလာခံ ကျင်းပရေးအတွက် ကရင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီက ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် လူထုဆန္ဒ ကောက်ခံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါကော်မတီ အတွင်းရေးမှူး ဦးစောဆန်းအောင်က ပြောကြားသည်။

အဆိုပါလူထုဆန္ဒ ကောက်ခံပွဲကို အောက်တိုဘာ၎ရက်နှင့်၈ရက်နေ့တွင်တနင်္သာရီတိုင်း၌ကျင်းပမည် ဖြစ်ပြီး အောက်တို ဘာလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နှင့် ကရင်ပြည်နယ် မြို့နယ်ပေါင်း ခုနစ်မြို့နယ်တို့တွင် လူထုဆန္ဒ ကောက်ခံသွား မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ငြိမ်းချမ်းရေးအတွက်ကရင်ညီလာခံတစ်ရပ်ကျင်းပနိုင်ရေးကိုလူထုနှင့် တွေ့ ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးစောဆန်းအောင်က ပြောကြားသည်။“ညီလာခံ ကျင်းပမယ့် အချိန်ကတော့ လူထု ဆန္ဒ ကောက်ခံပြီးမှ သိမှာပါ၊ သူတို့ဆန္ဒ မပါရင် မလုပ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ် စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းလေးခုမှ ကိုယ်စားလှယ် ၅၂ ဦး တို့ဖြင့် ဖွဲ့စည်းခဲ့သည်။
The Voice Weekly
No comments:
Post a Comment