address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 13, 2013

လက်ပန်တောင်းလယ်သမားများနှင့် မြေသိမ်းလုံထိန်းရဲတို့ ထိပ်တိုက်တွေ့နေပြီ




13.10.2013

ယနေ့မနက် (၆) နာရီတွင် လက်ပန်တောင်းတောင်ခြေရှိ မြေယာလျှော်ကြေး မယူထားသည့် မြေယာများ နှမ်းစိုက်ခင်းများကို လုံထိန်းရဲများမှ အလုပ်ကြမ်းနေ့စားသမားများ အကူအညီဖြင့် ဖျက်ဆီးခြင်း၊ ခြံစည်းရိုးခတ်ခြင်းများကို ပြုလုပ်နေပါသည်။ လယ်သမားများ မနက် (၁၀) နာရီတွင် သွားရောက်ကန့်ကွက်ရာ ခြံစည်းရိုးခတ်ခံနေရသော ယာကွက်များအပြင်တွင်လုံ ထိန်းရဲအင်အား (၂၀၀) ခန့်ဖြင့် ကာထားပြီး လယ်သမားများကို တားမြစ်နေပါသည်။ ခြံစည်းရိုးကို တုံရွာရှေ့လမ်းမထိပ်မှ စတင်ကာ လက်ပန်တောင်းတောင်ခြေအနီး လိပ်ခွံတောင်အထိ ခြံစည်းရိုးခတ်နေခြင်း ဖြစ်သည်။

(၃-၁၀-၂၀၁၃) ရက်နေ့မှ စတင်ကာ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး မြေလျှော်ကြေးမယူထားသည့် စိုက်ပျိုးလက်စ နှမ်းစိုက်ခင်းများပါဝင်သွားပါသည်။ ခြံစည်းရိုးအတွင်း စိုက်ခင်းများအတွင်း ဝင်ခွင့်မရသလို သိုးကျောင်း၊ ဆိတ်ကျောင်းခွင့်ကို ပါပြုလုပ်ခွင့်မရှိတော့ပါ။

စီမံကိန်းနှင့်ပတ်သတ်၍ စုံစမ်းရေးကော်မရှင်၏ တင်ပြသဘော တူချက်များဖြစ်သော အစားထိုးမြေယာဧက (၁၉၀၀) မဖော်ထုတ်ပေးသေးခြင်း၊ စာချုပ် သစ်အားလူထုအား ပွင့်လင်းစွာ မချပြသေးခြင်း၊ လယ်တီသိမ်ကိုမှုလအတိုင်း မပျက်ဆီးအောင် ရွေ့ပြောင်းမှုများမဆောင်ရွက်ဘဲ စီမံကိန်းကိုဆောင်ရွက်၍ မိုင်းခွဲတောင်ဖြို ခြင်းများ၊ စံပယ်တောင် ကြေးစင်တောင် စီမံကိန်းကြောင့် နစ်နာချက်လျော်ကြေးငွေများ လယ်ယာဧက(၇၀၀၀) ကျော်အတွက်လဲ မပေးပါ။

ရွာ (၄) ရွာကို ရွေ့ပြောင်းရေး၊ မြေယာလျှော်ကြေးငွေကိစ္စ ပြေလည်အောင် မဖြေရှင်းသေးခြင်း၊ ဧက (၄၀၀၀) နီးပါး ငွေလျှော်ကြေး လုံဝမယူရသေးခြင်း၊ EIA/HIA စသည့် ခွင့်ပြုလက်မှတ်များ မရသေးခြင်း၊ စီမံကိန်းနှင့်ပတ်သတ်၍ တာဝန်ယူမှု တာဝန်ခံမှုများ လုံးဝမရှိသေးဘဲ စီမံကိန်းကို ယခုလိုတဖက်သတ် လုံထိန်းရဲများနှင့် ဆောင်ရွက်နေခြင်းသည် ပြည်သူ့ဆန္ဒနှင့်စုံစမ်းရေး ကော်မရှင်ကိုပါ စော်ကားလျစ်လျူရှုရာ ရောက်နေသည်။

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ကြေးနီမိုင်းဖြစ်သော လက်ပန်တောင်းကြေးနီစီမံကိန်းသည် ရိုင်းစိုင်းသော ယုတ်မာသော လူထုကို မျက်ရည်ပေါက်ကြီးငယ်ကျစေသော စီမံကိန်းဖြစ်နေသည်။ ထိုကြောင့် လက်ပန်တောင်းလယ်သမားတို့အနေဖြင့် မိမိတို့ လူဂုဏ်သိက္ခာအတွက် ကြွေးတင် ကျွန်ဖြစ် ငတ်သေရမည့်အစား အဆိုးဆုံးကိုဆက်လက်ရင်ဆိုင်နေကြပြီ ဖြစ်သည်။

လက်ပန်တောင်း လယ်သမားတို့ ဆန္ဒပြကြွေးကြော်သံများသည် လုံထိန်းရဲများကြားမှ ရဲရဲရင့်ရင့် ဆက်လက်ပေါ်ထွက်နေဆဲ ဖြစ်သည်။



Yamonar

No comments:

Post a Comment