address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, November 1, 2013

အစိုးရနှင့်‌ ညှိနိုင်းမှု‌ပြေလည်‌ပါက တိုင်းရင်းသားလက်‌နက်‌ကိုင်‌အဖွဲ့အားလုံး တစ်‌နိုင်‌ငံလုံးဆိုင်‌ရာအပစ်‌အခတ်‌ရပ်‌စဲ‌ရေး ပါဝင်‌လက်‌မှတ်‌‌ရေးထိုးရန်‌ သ‌ဘောတူထား

1.11.2013

တိုင်းရင်းသားလက်‌နက်‌ကိုင်‌တပ်‌ဖွဲ့များက အတည်‌ပြုဖွယ်‌ရှိ‌သော အချက်‌ ၉ချက်‌ပါ တစ်‌နိုင်‌ငံလုံးဆိုင်‌ရာ အပစ်‌အခတ်‌ရပ်‌စဲ‌ရေးသ‌ဘောတူညီချက်‌ကို အစိုးရနှင့်‌ ညှိနိုင်း‌ပြေလည်‌ပါက အားလုံးက ပါဝင်‌လက်‌မှတ်‌‌ရေးထိုးကြရန်‌ သ‌ဘောတူညီထားကြောင်း သိရသည်‌။

''သူလက်‌မှတ်‌ထိုးမယ်‌ ငါ မထိုးဘူးဆိုတာ မရှိဘူး။ အစိုးရက လက်‌ခံမယ်‌ ညှိနိုင်းလို့ အဆင်‌‌ပြေမယ်‌ဆိုရင်‌ အားလုံးလက်‌မှတ်‌ထိုးမယ်‌။ သ‌ဘောတူညီမှုမရရင်‌ အားလုံးမထိုးဘူး။ အရင်‌လို တစ်‌ဖွဲ့နှစ်‌ဖွဲ့က‌နေပြည်‌‌တော်‌သွားတာတို့ သ‌ဘောတူညီမှု‌ရေးထိုးတာတို့ ရှိမှာ မဟုတ်‌‌တော့ဘူး။ အားလုံးက‌ခေါင်းစဉ်‌တစ်‌ခုတည်း‌အောက်‌မှာ ငြိမ်းချမ်း‌ရေး တန်းတူညီမျှ‌ရေးအတွက်‌ ဆက်‌လုပ်‌သွားဖို့ သ‌ဘောတူထားကြပြီ ''ဟု ကွန်‌ဖရင့်‌‌ပြော‌ရေးဆိုခွင့်‌ ခန့်‌အပ်‌ခံထားရသူ ဗိုလ်‌မှူးကြီး ခွန်‌ဥက္ကာက‌ပြောသည်‌။

ကွန့်‌ဖရင့်‌ဒုတိယ‌နေ့အပြီးတွင်‌ မည်‌သည့်‌သ‌ဘောတူညီချက်‌မှ မရ‌သေးဘဲ အစိုးရနှင့်‌ တစ်‌နိုင်‌ငံလုံးဆိုင်‌ရာ အပစ်‌အခတ်‌ရပ်‌စဲ‌ရေး သ‌ဘောတူညီချက်‌ကို လက်‌မှတ်‌ထိုး‌ရေး မထိုး‌ရေးနှင့်‌ ပတ်‌သက်‌ပြီး နှစ်‌ဖွဲ့ကွဲ‌နေသည်‌ဟု သတင်းများ ထွက်‌‌ပေါ်လာခဲ့‌သော်‌လည်း ကွန့်‌ဖရင့်‌တတိယ‌နေ့‌နေ့လည့်‌တွင်‌ ၎င်းက အထက်‌ပါအတိုင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်‌။

''ကွန့်‌ဖရင့်‌က ဒီ‌နေ့ပြတ်‌မှာပါ မနက်‌ဖြန်‌ဆိုတာက အရန်‌သ‌ဘောပါ ပြီးပြတ်‌ဖို့များပါတယ်‌ ''ဟု၎င်းက‌ပြောသည်‌။

နိုင်ငံတ၀ှမ်းမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များသည်‌ ‌မြောက်ပိုင်းကချင် လွတ်‌‌မြောက်‌‌ရေးတပ်မ‌တော်ထိမ်းချုပ်နယ်‌‌မြေအတွင်းရှိ လိုင်ဇာမြို့တွင်‌ ‌အောက်တိုဘာ ၃၀ရက်‌‌နေ့မှ နိုဝင်ဘာ ၁ရက်‌‌နေ့အထိ ‌တွေ့ဆုံလျှက်ရှိသည်။

Popular Myanmar News Journal

No comments:

Post a Comment