3.11.2013
ထိုင်းနိုင်ငံ အောက်လွှတ် တော်က အငြင်းပွားနေသော နိုင်ငံ ရေးလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေ ကို သဘောတူထောက်ခံခဲ့သည် ဟုသိရသည်။
နိုင်ငံရေးလွတ်ငြိမ်းချမ်း သာခွင့်ဥပဒေ အတည်ပြုခဲ့ပါက ရာထူးမှဖြုတ်ချခံရသော ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထရာအနေဖြင့် နိုင်ငံသို့ ပြန်လာ ခွင့်ရရှိမည်ဖြစ်ရာ အတိုက်အခံတို့ က စိုးရိမ်ပူပန်နေခြင်းလည်းဖြစ်သည်။ အောက်လွှတ်တော်က ဥပဒေကို ထောက်ခံအတည်ပြုခဲ့ ပြီးနောက် ချက်ချင်းလိုပင် ကန့် ကွက်ဆန္ဒပြမည့် သတိပေးမှုများ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။
အထက်လွှတ်တော်မှ ထောက်ခံအတည်ပြုရန်လိုအပ် နေဆဲရှိသည့်ဥပဒေက လက်နက် မဲ့ ကန့်ကွက်ဆန္ဒပြသူများကို သတ်ဖြတ်မှုအပါအဝင် အတိတ်က အလွဲသုံးစားပြုမှုများကို ဖုံးကွယ် လိုက်သကဲ့သို့ရှိမည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်သူတို့က ပြောကြား ခဲ့သည်။နိုင်ငံရေးလွတ်ငြိမ်းချမ်းသာ ခွင့်ဥပဒေအား အောက်လွှတ်တော် က ထောက်ခံမဲ ၃၁ဝဖြင့် အတည် ပြုခဲ့ခြင်းဖြစ်သည်။
အတိုက်အခံ ဒီမိုကရက်ပါတီကမူ ဥပဒေကို မဲခွဲဆုံးဖြတ်ရာတွင် ပါဝင်နိုင်ခြင်း မရှိဟု သိရသည်။ အတိုက်အခံ ဒီမိုကရက်ပါတီက နိုင်ငံရေးလွတ် ငြိမ်းချမ်းသာခွင့်ဥပဒေကို အ တည်ပြုခြင်းက လမ်းပေါ်မှကန့် ကွက်ဆန္ဒပြသူများကို ဆက်လက် သတ်ဖြတ်ရန် ကြိုးပမ်းမှုများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းနှင့် ၎င်းတို့က ဥပဒေဖျက်သိမ်းသည် အထိ လမ်းပေါ်ထွက်၍ တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
YMG
No comments:
Post a Comment