address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, November 4, 2013

ထူးဖောင်ဒေးရှင်းမှ လူနာတင်ယာဉ် (၁၀)စီး လှူဒါန်း


4.11.2013

ထူးဖောင်ဒေးရှင်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ (Highway Police) သို့ အရေးပေါ် လူနာတင်ယာဉ် (၁၀)စီးအားအောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် လှူဒါန်းခဲ့ပါသည်။

၁။ အမြန်လမ်းမကြီးပေါ်တွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိသော မတော်တဆ (Accident) ဖြစ်ရပ်များအတွက် အထိရောက်ဆုံးနှင့် အမြန်ဆုံး အကူအညီ ပေးနိုင်ရန်။

၂။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် အားကစား သမားများနှင့် လိုက်ပါစောင့်ရှောက်မည့် တာဝန်ရှိသူများ၏ ကျန်းမာရေးကို အပြည့်အ၀ စောင့်ရှောက် နိုင်ရေး တို့အတွက် ရည်ရွယ် လှူဒါန်းခဲ့ပါသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသည် ၃၈၂ မိုင် (မိုင် ၄၀၀ ခန့်) ကွာဝေးပြီး အဆိုပါ အမြန်လမ်းမ ကြီးတွင် မတော်တဆမှုများ(Accident)ဖြစ်ပွားပါက အခြား ခရီးသွားများ အနေဖြင့် ဆင်းမကြည့်နိုင်၊ မကူညီနိုင်သည့် အခက်အခဲများ ရှိနေခဲ့ပါသည်။ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သည် ထူးဖောင်ဒေး ရှင်းမှ လှူဒါန်းသည့် လူနာတင်ယာဉ် (၁၀)စီးကို အရေးပေါ် အခြေအနေတွင် အကူအညီ ပေးနိုင်ရန်အတွက် မိုင်(၄၀)လျှင် လူနာတင်
ယာဉ် တစ်စီးနှုန်းထားရှိ ကူညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Htoo Foundation

No comments:

Post a Comment